ဦးဝိဇယ အိမ်ပြန်

၁၂၃၄ကျောက်ကပ်ရောဂါခံစားနေရသော မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက်မှ စာချဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော် ဦးဝိဇယသည်  အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်း ဆရာတော် ဒေါက်တာဦးနန္ဒောဘာသ၏ အကူအညီဖြင့် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့သို့ သွားရောက်ပြီးခွဲစိပ်ကုသရာ ယခုအခါကျောက်ကပ်ရောဂါမှ သက်သာခွင့်ရသွားပြီးဖြစ်ကြောင်းသိရသည်။

ဆရာတော်ဦးဝိဇယသည် မုံရွာမြို့၊အုတ်ကန်တောရစာသင်တိုက်တွင် သံဃာတော်များအား စာချပေးနေသောဆရာတော်တစ်ပါးဖြစ်သည်။ ဆရာတော်၏ အသက်မှာ ၃၂နှစ်ဖြစ်ပြီး၊ သွေးတိုးရောဂါကြောင့် ကျောက်ကပ်ပျက်စီးကာ ယခုကဲ့သို့ အိန္ဒိနိုင်ငံသို့ကြွရောက်ကာ ခွဲစိပ်ကုသမှုကို ခံယူခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံသို့လာရောက်ပြီး မကုသမီပြည်တွင်း၌ ကုသမှုခံယူခဲ့ရပုံကို ဆရာတော်အားမေးမြန်းကြည့်ရာ ဆရာတော်က”  ပြောရယင်တော့ ၁၅-၂- ၂၀၁၂ နေ့ကပေါ့၊ အဲဒီနေ့က ခေါင်းမှုတယ်ဆိုပြီး ဆရာဝန်သွားပြပါတယ်။ အဲဒီမှာ ဆရာဝန်က သွေးပေါင်ချိန်တိုင်းကြည့်လိုက်တော့ သွေးက ၂၀၀/ ၂၁၀ဖြစ်နေတာတွေ့ရတယ်။ ဆရာဝန်ကသွေးကျဆေးသောက်ခိုင်းတယ်၊ ဒါပေမယ့် သွေးကမကျဘူး။ ဒီတော့ ဆီးတို့၊ သွေးတို့ကိုစစ်ကြည့်တယ်။ အဲဒီမှာ ဆီးဆိပ်က 1100 ရှိတယ်ဆိုတာသိရတယ်။ ဒါနဲ့ သမားတော် ဒေါ်ပိုက မန္တလေးသွားပြီး ကျောက်ကပ်ဆရာဝန်နဲ့သွားပြဖို့ အကြံပြုပါတယ်။ မန္တလေးသွားပြီး မန္တလေး မြို့တော်ဆေးရုံမှာ ဒေါက်တာ စောနောင်နဲ့ပြကြည့်တဲ့အခါ  ဒေါက်တာ စောနောင်က ဆရာတော်ရဲ့ကျောက်ကပ်နှစ်လုံးစလုံးဟာ ၅% နှုန်းပဲအလုပ်လုပ်တော့တယ်လို့ပြောတယ်။ ဒီတော့ ကျောက်ကပ်အစားထိုးရမယ့် အခြေအနေရောက်သွားတော့ ရန်ကုန်ကိုကြွသွားလိုက်ပါတယ်။ အဲဒီမှာတစ်ခါ ပြဿနာက ဘာကြုံရသလဲဆိုတော့ ဒေါက်တာ မေမြ၀င်း ၊ ဒေါက်တာ ရတနာကျော် (အဆုတ်ဆရာဝန်) တို့က ဓာတ်မှန်ရိုက်ကြည့်တော့ တီဘီရှိတယ်လို့ပြောတယ်၊ ကျောက်ကပ်အစားထိုးမယ်ဆိုယင် တီဘီရောဂါ ပျောက်မှ အစားထိုးလို့ရမယ်လို့ပြောတော့ တီဘီရောဂါပျောက်ဖို့အတွက် အဲဒီမှာ ဆေး ၆လလောက်သောက်ခဲ့ရပါတယ်။ တီဘီဆေး သောက်တာ ခြောက်လပြည့်တော့ သီတာအေးမြ၀န်ဆောင်မှုကုမ္ပဏီနဲ့ အစီအစဉ်လုပ်ပြီးတော့ အခုလို အိန္ဒိယနိုင်ငံကို ကြွရောက်ပြီးတော့ ကျောက်ကပ်အစားထိုးခွဲစိပ်ကုသမှုကို ခံယူခဲရတာဖြစ်ပါတယ်” ဟုဆရာတော်က မိန့်ကြားသည်။ ဆရာတော်သည် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ MEDICA SUPER SPECIALTY  ဆေးရုံတွင် တက်ရောက်ပြီး ဆရာတော် ဒေါက်တာဦးနန္ဒောဘာသ၏ အကူအညီဖြင့် တက်ရောက်ကုသမှုကိုခံယူခဲ့ရခြင်းဖြစ်သည်။ ယခုအခါ ဆရာတော်ဦးဝိဇယမှ၏ ကျန်းမားရေးအခြေအနေမှာ ပုံမှန်ပကတိအတိုင်းဖြစ်နေပြီးဖြစ်ကြောင်းသိရသည်။ ဆရာတော်၏ ကျောက်ကပ်အလှူရှင်မှာ သူ့အကိုကြီး ဆရာတော် ဦးဝိစိတ္တ ဖြစ်သည်ဟုသိရသည်။ ဆရာတော်တို့ ညီအကို၊ ညီမ တို့တစ်စု ယနေ့ (၁၁-၃-၂၀၁၃) အိန္ဒိယလေကြောင်းဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်သွားကြောင်းသိရသည်။

ဓါတ်ပုံ- ၀ဲမှယာသို့= ဦးပညာဝုဓ၊ ဦးဝိစိတ္တ (ကျောက်ကပ်အလှူရှင်)၊ ဦးဝိဇယ (ကျောက်ကပ်ဝေဒနာရှင်)၊ မနုနုခိုင် (ဦးဝိစိတ္တနှင့် ဦးဝိဇယတို့၏ ညီမ)