အသည်းနှင့် အသားဝါပိုး-ဗုံး

Liver and the H – bomb
နွေရက်တွေဆီ တကျော့ပြန်ရောက်လာခဲ့ပါပြီ။ အခုလိုနွေကာလမှာ ကျရောက်ဖြစ်ပွါးလာတတ်သော၊ အန္တရာယ်ကြီးလှသည့် ရောဂါတွေကို သတိထား စောင့်ကြည့်ရမည့် ကာလလည်းဖြစ်ပေသည်။ ထိုသို့ အန္တရာယ်အကြီးဆုံး ရောဂါများ စာရင်းဝင် ရောဂါတခုကား Hepatitis လို့ ခေါ်တဲ့ အသည်းရောင် အသားဝါရောဂါပင်ဖြစ်ပါသည်။ ဤရောဂါမှာ အသည်းတမုဟုတ်ခြင်း (ကြီးထွား) ရောင်ရမ်းလာခြင်းဖြစ်ပြီး၊ ထိုသို့ဖြစ်ရသည့် အဖြစ်အများဆုံး အကြောင်းတရားက ဗိုင်းရပ်ပိုးကူးစက် ၀င်ရောက်ခြင်းပင်ဖြစ်သည်။ ဓါတ်သတ္တုများနှင့် အရက်သေစာ အပါအ၀င် ဥပါဒ်ဖြစ်စေနိုင်လောက်သည့် ဒြပ်ဝတ်ထုများနှင့် တိုက်ရိုက် ထိတွေ့ခြင်းကြောင့် အသည်းတွင် ဖြစ်ပေါ်လာသည့် အကျိုးဆက်လည်း ဖြစ်နိုင်ပေသည်။

ပါဝင်သည့် ဗိုင်းရပ်ပိုး၏ အမျိုးအစားအလိုက် – အသားဝါဗိုင်းရပ်ကို အေ- ဘီ- စီ- ဒီ နှင့် အီး ဟူ၍ ငါးမျိုးခွဲခြား သတ်မှတ်ထားပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး၏ အဆိုအရ – ရောဂါပိုးအမျိုးအစား ငါးမျိုးစုံလုံးကြောင့် ဖြစ်ရသည့် နေထိုင်မကောင်းခြင်းနှင့် အသက်သေဆုံးခြင်း (တို့ကြောင့် ဖြေရှင်းရသည့်)-၀န်ထုပ်ဝန်ပိုးကြီးမားသည်။ ရုတ်တရက် ရောဂါထဖြစ်တတ်ပြီး၊ ကူးစက်ပျံ့နှံ့နိုင်သည့် အလားအလာရှိသည့်ဖြင့်လည်း ပိုးအလိုက် ရောဂါငါးမျိုးလုံးမှာ အစိုးရိမ်ရဆုံးအဖြစ် စောင့်ကြည့်ရန် အလိုအပ်ဆုံးချည်းဖြစ်ကြသည် ဆိုပါသည်။ အသားဝါဖြစ်ပြီဆိုလျှင် စူးအောင့်သလို ခံစားတတ်ရပြီး၊ နာတာရှည် ဝေဒနာတရပ်လည်း ဖြစ်သွားနိုင်ပေသည်။ တခါတရံတွင် ဘာမျှထိခိုက်နစ်နာရခြင်း မရှိသော်လည်း၊ (စက်ပုန်းခုတ်နေတတ်သည့် ဤရောဂါဆိုး ဖြစ်နေပြီ ဆိုပါက) အသည်းကို ထိခိုက်။ ဆုံးရှုံးရခြင်း၊ အသည်းပျက်စီးခြင်းအပြင်၊ အသည်းကင်ဆာအထိ ဖြစ်နိုင်ပါသေးသည်။