ရဟန်းဖြစ်ရသောရည်ရွယ်ချက် (၄)ပါး တရားတော်(ပထမပိုင်း)

ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အတွက် ကမ္ဘာ့အမြင့်မြတ်ဆုံး နေရာတော်မြတ်ဖြစ်ပါသည်။ အဆိုပါ ဗုဒ္ဓဂယာမြေမြတ်မဟာ၌ ကိုးလ်ကတ္တားမြို့ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးလျက် မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်ကြီးကို ထူထောင်လျက်ရှိရာ ယခုအခါ ဗောဓိရုက္ခမူလ အမည်ရှိ (၅) ထပ်ကျောင်းဆောင်တော်ကြီး ၂ ထပ် ပြီးစီးသွားပြီးဖြစ်ပါသည်။ ၄င်းကျောင်းဆောင်တော်ကြီး (၂) ထပ်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ကျောင်းလွှတ်ပူဇာ ရေစက်ချမင်္ဂလာ အခမ်းအနားကို ၅-၁၂-၂၀၁၄ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ၄င်းအခမ်းအနား၌ ကမ္ဘာကျော် ဓမ္မကထိက၊ ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် မထေရ်မြတ်ကြီးမှ ရဟန်းဖြစ်ရသော ရည်ရွယ်ချက် (၄) ပါး တရားတော်ကို ဟောကြားချီးမြောက်တော်မူခဲ့ရာ အောက်ပါအတိုင်း နာယူမှတ်သားနိုင်ကြပါပြီ။