ဒုတိယအကြိမ် သာသနာ့မြေအလှူ ရေစက်ချပွဲ အခမ်းအနား (ဒုတိယပိုင်း)

ဓမ္မမိတ်ဆွေအပေါင်းတို့- အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ဗောဓိသုခ ပရဟိတကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသ ဦးစီးပြီး ဗုဒ္ဓဂယာ မြတ်မြေမဟာ၌ ၃၂၄၀၀ စတုရန်းပေ ကျယ်ဝန်းသော မြေကြီးကို မြန်မာနိုင်ငံနှင့် တခြားနိုင်ငံ အရပ်ရပ်မှ စေတနာရှင်တို့၏ လှူဒါန်းငွေဖြင့် သာသနာ့မြေ အဖြစ် ၀ယ်ယူပြီးစီးပြီးဖြစ်ရာ ကမ္ဘာ့အမြင့်မြတ်ဆုံးနေရာ၌ အထူးမြတ်ဆုံးအလှူရေစက်ချပွဲနှင့် မြေသန့်မင်္ဂလာအခမ်းအနားကို ၁၃၄၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၉) ရက် (၇-၁၂-၂၀၁၂) သောကြာနေ့ နံနက် (၉) နာရီ မိနစ် ၂၀ အချိန်တွင် အဆိုပါကျောင်းမြေနေရာ၌ ပထမအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ သာသနာ့မြေအလှူရေစက်ချ အနုမောဒနာတရားတော်ကို ပြည်တွင်းပြည်ပ သာသနာပြု ကမ္ဘာကျော်ဓမ္မကထိက သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဥာဏိဿရ မထေမြတ်မှ ဟောကြားချီးမြှင့်တော်မူခဲ့ပါသည်။
အိန္ဒိယနိုင်ငံသို့ မလာရောက်နိုင်သော သာသနာ့မြေအလှူရှင်များအတွက် ဆရာတော် ဒေါက်တာ နန္ဒောဘာသကိုယ်တိုင် မြန်မာနိုင်ငံသို့ ကြွရောက်၍
၃၀-၆-၂၀၁၃ နေ့ ရန်ကုန်မြို့၊ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ဒုတိယအကြိမ် အထူးမြတ်ဆုံးအလှူရေစက်ချပွဲ အခမ်းအနားတရပ်ကို စည်ကားသိုက်မြိုက်စွား ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ သာသနာ့ဝတ္တကမြေအလှူရှင်များ အောက်ပါအတိုင်း ကြည်ညို သဒ္ဓါပွါးနိုင်ကြပါပြီ။