အသက်ကယ်သော မိနစ်သုံးဆယ်

ကျန်းမာရေးနဲ့ပတ်သက်လာယင် E ဆိုတဲ့စကားလုံးကို မကြောက်ပါနဲ့။
အဲဒါ အသက်ကယ်တဲ့စကားလုံးပါ။

လေမဖြတ်အောင် ဘယ်ဟာကတားဆီးကာကွယ်ပေးနိုင်ပါသလဲ။ နှလုံးရောဂါတွေ ပြီးတော့ ကင်ဆာရောဂါတွေကို ဘယ်ဟာက ကာကွယ်ပေးနိုင်ပါသလဲ။ စိတ်ဖိစီးမှုတွေမဖြစ်အောင်၊ အဆစ်တွေရောင်တဲ့ ဂေါက်ရောဂါတွေမဖြစ်အောင် ပြီးတော့ အသက်ရှည်ကျန်းမာဖို့ အဲဒီလိုအကျိုးရှိတဲ့ဆေးတစ်မျိုးကို ပြောပါနိုင်ပါသလား….။

အမေရကန်နိုင်ငံ National Institute on Aging ဌာနက ညွန်ကြားရေးမှုးဟောင်း ဒေါက်တာ ရောဘက် ဘတ်တလာက အကျဉ်းချုံးပြောပြတာက“ဆေးတစ်လုံးတည်းမှာပေါင်းထည့်လိုက်ယင် အဲဒါဟာ တစ်ခုတည်းသော ဆေးညွန်းလဲဖြစ်ရမယ်။ ပြီးတော့ အကျိုးရှိစေတဲ့ဆေးလဲဖြစ်ရမယ်။ အားလုံးအတွက် အကောင်းဆုံးလဲဖြစ်ရမယ်။ အဲဒီဆေးဟာ တန်ဖိုးလဲမမေးရဘူး ပြီးတော့ လူတိုင်းအတွက် အသုံးတည့်တဲ့ဆေးလဲဖြစ်ရမယ် တဲ့။“ အဲဒီဆေးဟာ ဘယ်လိုဆေးမျိုးပါလဲ။ မဖြေနိုင်လို့ လက်မြှောက်လိုက်ပြီလား….။ အဖြေကတော့ E ဆိုတဲ့စလုံးပဲဖြစ်ပါတယ်၊ EXERCISE ကိုပြောတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို ကာယလေ့ကျင့်ခန်းထဲမှာ လုပ်ရတဲ့ တစ်နာရီလောက် ချွေးထွက်အောင်လုပ်ရတဲ့ အားကစားမျိုးလို့မထင်လိုက်ပါနဲ့။ ဒါပေမယ့် အမေရိက ခွဲစိတ်ဆရာဝန်အကြီးအကဲရဲ့ ကာယလလေ့ကျင့်နှင့်ကျန်းမာရေးဆိုတဲ့ မှတ်တမ်းမှာ ဒီရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်းအကြောင်းကို ညွန်းဆိုထားပါတယ်။ လေ့ကျင့်ခန်းမှန်မှန်မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက် သိပ်သိပ်ပြင်းပြင်းထန်ထန်မဟုတ်တဲ့ လေ့ကျင့်ခန်းမျိုးကို မိနစ်သုံးဆယ်လောက် လေ့ကျင့်ခန်းလုပ်ရုံနဲ့ သိသာထင်ရှားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို ခံစားရရှိနိုင်ပါတယ် ဆိုပြီးရေးထားပါတယ်။

အခုခေတ် သန်းပေါင်းများစွာသောလူတွေက ရှေးကလူတွေလို သူတို့ရဲ့ခွန်အားတွေကို အသုံးပြုတာဟာ သိပ်နည်းပါးသွားပါပြီ။ တစ်နေ့တာမှာသူတို့ရဲ့အင်အားသုံးစွဲမှုက ယူနစ်တရာလောက်တောင်မရှိပါဘူး။ ဒီတော့ ရလာဒ်အားလုံးကဘာလဲဆိုယင် ကျုပ်တို့ရဲ့ဘ၀ကို သက်သာလွယ်ကူအောင်ဖန်တီးပေးထားတဲ့ ဥပမာ အလိုအလျောက်ရရှိနိုင်တဲ့ အင်တာနက် အွန်လိုင်းကနေဈေးဝယ်လို့ရတဲ့ အလိုအလျောက်ရနိုင်တာတွေဟာ အ၀လွန်ခြင်းနဲ့တစ်ခြားဆက်စပ်တဲ့ရောဂါတွေကိုမြန်မြန်ကြီးဖြစ်ပွားစေတာပါပဲ။

ကွန်းကျင်သူတွေပြောတာက လှုပ်လှုပ်ရှားရှား အလုပ်တွေလုပ်ပြီး တစ်နေ့ကို အပိုဆယ်ကယ်လိုရီမျှ ထုတ်သုံးလိုက်တာနဲ့ တစ်နှစ်လောက်ကျော်လာတဲ့အခါ ကီလိုထက်ဝက်လောက်လျော့ကျသွားနိုင်ပါတယ်။ အများဆုံးလျော့ကျသွားတာက အဆီတွေဖြစ်ပါတယ်။ ပြီးတော့ မိနစ်သုံးဆယ်လမ်းလျောက်တာနဲ့ညီမျှတဲ့ တစ်နေ့ကို ခွန်အား (ကယ်လိုရီ)ယူနစ် ၁၅၀လောက် သုံးယင် တစ်နှစ်မှာ ငါးကီလိုလောက် လျော့ကျသွားစေပါတယ်လို့ဆိုပါတယ်။ (တကယ်လို့ ကယ်လိုရီ ၁၅၀ အောက်လျော့စားမယ်ဆိုယင် နောက်ထပ်ငါးကီလိုလောက်လျော့နည်းသွားစေပါတယ်။)

အသင့်အတင့် ကာယလေ့ကျင့်ခန်းလုပ်ခြင်းရဲ့အကျိုးကျေးဇူးတွေဟာ အံ့သြစရာကောင်းပါတယ်။ အောက်မှာဖေါ်ပြတာတွေဟာ ဘယ်လောက်အကျိုးပြုတယ်ဆိုတာ ဆင်ခြင်လေ့လာကြည့်ပါဦး။

ဆီးချိုရောဂါ။ ။ဆီချိုရောဖြစ်တဲ့လူတွေရဲအရေအတွက်ဟာ တစ်နေ့တစ်ခြား သိန်းချီပြီး များပြားလာနေတာတွေ့ရပါတယ်။ ဒီစိုးရိမ်ကြောက်ခန်းမလိမြင့်တက်နေတာတွေက ဘာနဲ့ဆက်စပ်နေသလဲဆိုယင် ခါးကိုလှုပ်ရှားမှု၊ ကျန်းမာရေးနဲ့မညီတဲ့အစားအသောက်တွေစားသောက်မှု၊ လှုပ်လှုပ်ရှားရှား မနေမှုတွေနဲ့ဆက်စပ်နေပါတယ်။ အချို့ ပညာရှင်တွေက အများဆုံးအဖြစ်များတဲ့ (အမျိုးအာစား၂)ဆီးချိုရောဂါကို သင့်တော်တဲ့ အစားအသောက်တွေ ဆင်ခြင်ပြီး ပုံမှန်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်တယ်လို့ ထင်မှတ်ထားကြပါတယ်။ ဆီးချိုရောဂါဖြစ်ရတာဟာ အင်ဆူလင်ဟော်မုန်းဓာတ်ဟာ သွေးထဲက သကြားဓာတ်ကိုညီမျှအောင် မလုပ်ပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ လူတွေဟာ လေ့ကျင့်ခန်းလုပ်လိုက်တဲ့အခါ  ခွန်အားအဖြစ်အသုံးပြုဖို့ သကြားဓာတ်တွေကို ထုပ်ပေးရတဲ့အတွက်ခန္ဓာကိုယ်ဟာ တက်တက်ကြွကြွဖြစ်ဖို့ အင်အားအထောက်အပံ့ရသွားပါတယ်။

နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်း။ ။ နှလုံးကျန်းမာရေးအတွက် အလွယ်ဆုံး၊ စိတ်ချအရဆုံး တန်ဖိုးအနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်တဲ့နည်းဗျူဟာတစ်ခုက ဘာလဲဆိုယင် လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ပါတယ်။ အဲဒီနည်းဗျူဟာကို မကြာခဏလျစ်လျူထားခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ရခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးပေါင်ကိုကျစေပြီး ခန္ဓာကိုအတွက်အကျိုးပြုတဲ့ HDL ကိုလပ်စထရောကိုထုပ်လုပ်ပေးပါတယ်။ အစားအစာကိုချင့်ချိန် စားသောက်ပြီး အဲဒီလို လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် ဆိုးကျိုးကိုဖြစ်စေတဲ့ ကိုလပ်စထရောကိုလည်း ကျသွားစေပါတယ်။

ကာလီဖိုးနီယား ဆေးပညာနဲ့ပတ်သက်တဲ့ စတမ်းဖိုး တက္ကသိုလ်ကျောင်းက ဒေါက်တာ Marica Stefanik ရဲ့အဓိကလေ့လာချက်တစ်ခုမှာ ပြထားတာက HDL နည်းတဲ့ယောက်ျားမိန်းမနဲ့ LDL များတဲ့ပုဂ္ဂိလ်တွေကို အဆီတွေ၊ ကိုလပ်စထရောတွေကို လျော့နည်းစေဖို့အတွက် တစ်နှစ်လောက် အစားအသောက်တွေ လျော့စားခိုင်းပေမယ့်လဲ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေဖြစ်စေတဲ့ LDL ကိုလပ်စထရောက လျော့နည်းသွားတာ မတွေ့ရဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သီတင်းပတ်တိုင်း ၁၅ ကီလိုမီတာလောက် လမ်းလျောက်တဲ့၊ ဒါမှမဟုတ် ဖြေးဖြေးလေးပြေးတဲ့အမျိုးသမီးတွေမှာ အစားအသောက်ကို ဆင်ခြင်ပြီး ကိုယ်ကယလှုပ်ရှားမှုကို ထိန်းမထားတဲ့ ပုဂ္ဂိုလ်တွေထက် ရှစ်ရာခိုင်နှုန်းလောက် LDL လျော့နည်းသွားကို တွေ့ရတယ်လို့ဆိုပါတယ်။ ယောက်ျားတွေမှာတော့ ၁၁ ရာခိုင်နှုန်းလောက် သိသိသာသာကြီးကျသွားတယ်လို့ဆိုပါတယ်။

သတိပြုရမယ့်အချက်က သွေးထဲက ကိုလပ်စထရောကို တစ်ရာခိုင်နှုန်းလောက် လျော့ချနှိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာ နှလုံးသွေးကြောကျဉ်းရောဖြစ်ပွားနှုန်းကို နှစ်ရာခိုင်းနှုန်းလောက် နည်းပါးသွားအောင် လုပ်နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ တစ်နေ့ကို တစ်နာရီလောက် ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်တဲ့ပုဂ္ဂိုလ်တွေမှာ လေဖြတ်တာဟာ ထက်ဝက်လောက် နည်းပါးသွားစေပါတယ်လို့ ဟားဗတ်တက္ကသိုလ်က စစ်တမ်းတစ်ခုမှာဖေါ်ပြထားပါတယ်။

အဆစ်ရောက်ရောဂါ။ ။  အဆစ်ရောင်ရောဂါကို လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် သက်သာစေတယ်ဆိုတာ အချို့ဆေးပညာရှင်တွေအပါအ၀င် လူတော်တော်များက အခုထိမကြားဖူးသေးဘူး။  အဆစ်ရောင်ရောဂါသည်များ ပြန်လည်ထူထောင်ရေး သုတေသနနှင့် လေ့ကျင့်ရေးဌာနက တွဲဘက်ညွန်ကြားရေးမှုး အမေရိကန်လူမျိုး မာရီယန် မီနော်ကပြောပါတယ်။ သူပြောတာက  “ကိုယ်ကာယကျန်းမာကြံ့ခိုင်းရေး လုပ်တာဟာ အဆစ်ရောင်ရောဂါသည်များအတွက် မသင့်တော်ဘူးလို့ဆိုတဲ့လူများသိထားဖို့က ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာဟာ သူတို့ရဲ့ရောဂါနဲ့ သူတို့ရဲ့ကိုယ်ကာယမလှုပ်ရှားနိုင်မှုကို အနည်းဆုံးကျန်းမာအောင်ထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ သိလာခဲ့ပါတယ်”လို့ ဆိုပါတယ်။

ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာဟာ အဆစ်တွေကို ကွေးပေးဆန့်ပေးခြင်းဖြင့် နာကျင်ကိုက်ခဲမှုသက်သာစေပါတယ်။ ပြီးတော့ အဆစ်တွေတစ်ဝိုက်မှာ ကြွက်သားတွေကို ကြံ့ခိုင်စေပါတယ်။ တစ်ခြားနည်းတွေနဲ့ ကုသမှုကိုခံယူနေတဲ့၊ ဒါမှမဟုတ် နာကျင်ကိုက်ခဲမှု အတော်အတန်ပြင်းထန်တဲ့ အဆစ်အမြစ်ရောင်ရောဂါသည်ဟာ မိမိနဲ့ကိုက်ညီတဲ့ လေ့ကျင့်ခန်းတွေလုပ်နိုင်အောင် ကုထုံးဆရာနဲ့ပြနိုင်ဖို့အတွက် ဆေးပညာရှင်ရဲ့ လမ်းညွန်မှုကို ရယူသင့်ပါတယ်။

ကင်ဆာ။ ။ နှစ်စဉ်နှစ်တိုင်း လူသိန်းပေါင်းများစွာဟာ သူတို့မှာ ကင်ဆာရောရောဂါဖြစ်တယ်ဆိုတာကို သိလာကြပါတယ်။  ကမ္ဘာမှာ လူတွေသေဆုံးစေတဲ့ရောဂါများအနက် ကင်ဆာရောဂါဟာလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် အမေရိကန် ကင်ဆာအသင်းမှာ ကင်ဆာရောဂါတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်စာရင်းထဲမှာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာကို ဖြည့်စွက်ပေးထားပါတယ်။ ကျန်းမာကြံ့ခိုင်အောင် လုပ်တဲ့လူတော်တော်များများကို ကျယ်ကျယ်ပြန့်ပြန့်လေ့လားထးတဲ့ လေ့လာမှုတစ်ခုအရ ကြံ့ခိုင်မှုအနည်းဆုံးလူတွေရဲ့ ကင်ဆာရောဂါကြောင့် သေဆုံးရတဲ့ နှုန်းထားက အကြံ့ခိုင်ဆုံးလူတွေရဲ့ ကင်ဆာရောဂါကြောင့်သေဆုံးရတာထက် သုံးဆလောက်မြင့်မားနေတာကိုတွေ့ရပါတယ်။ ပြီးတော့ အမေရိကန် ကင်ဆာအသင်းရဲ့ ရောဂါလမ်းညွန်းချက်မှာ အစောကြီးလေ့လာတွေ့ရှိထားတာက ကြံ့ခိုင်မှုအနည်းဆုံးဖြစ်တဲ့ အမျိုးသမီးတွေကင်ဆာရောဂါနဲ့သေဆုံးရတဲ့နှုန်းထားဟာ ကြံ့ခိုင်မှုအရှိဆုံးအမျိုးသမီးတွေထက် ၁၆ဆလောက်ထိ ရှိတယ်လို့ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ ထိရောက်တဲ့ ကင်ဆာရောဂါတိုက်ဖျက်ဖို့ ဘယ်လိုလေ့ကျင့်ခန်းများကို ကြိုးစားအားထုတ်ရမယ့်ဆိုတဲ့ တိကျတဲ့လုပ်ထုံးလုပ်နည်းတွေကို အခုထိမသိကြသေးပါဘူး။ ဒါပေမယ့်လောလောဆယ် စဉ်းစားထားတဲ့အချက်တွေကတော့ ကာယလေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို အကျိုးကျေးဇူးပြုပေးတယ်ဆိုတာပဲဖြစ်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ရွေးချယ်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ဖြေရှင်းမှုတစ်ခုသာဖြစ်တယ်ဆိုတဲ့အမြင်ကိုဖျောက်ပြီး ကစားစရားတစ်ခုအဖြစ်သဘောထားပြီး လေ့ကျင့်ခန်းကို စတင်လုပ်ဆောင်လိုက်ပါ။ နေ့စဉ်လုပ်နေရတဲ့အလုပ်တွေကနေ သင်ရဲ့ခန္ဓာကိုယ်ကို အနားရအောင် အလုပ်နားချိန်ကို ကြိုဆိုလိုက်ပါ။ တကယ်လို့ သင့်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကြောင့်ကြစရာတွေရှိနေယင် အမြန်ဆုံး ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

၂၀၀၃ခု၊ ဖေဖေါ်ဝါရီလထုတ် Reader’s Digest မှ CAROL KRUCOFF and MITCHELL KRUCOFF, MD တို့ရဲ့

Is Your Life Worth 30 Minutes a Day?  ကိုပြန်ဆိုပါတယ်။

ဦးအာလောက (Research Scholar)