သီတဂူဆရာတော်ကြီး၏ သာမဂ္ဂီအကျင့် တရားတော် (ပထမပိုင်း)

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ – အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသ ဦးစီးပြီး ကမ္ဘာ့အမြင့်မြတ်ဆုံး နေရာတော်မြတ်ဖြစ်သည့် ဗုဒ္ဓဂယာ မြေမြတ်မဟာ၌ ၃၂၄၀၀ စတုရန်းပေ အကျယ်ရှိသော သာသနမြေကြီးကို ၀ယ်ယူလျက် ယခုအခါ မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်ကြီးကို ထူထောင်လျက်ရှိပါသည်။ မြေ၀ယ်ပြီးသည့်နှစ်မှ စ၍ နှစ်စဉ်နှစ်တိုင်း ကမ္ဘာကျော် ဓမ္မကထိက၊ ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် မထေရ်မြတ်ကြီးမှ တရားချီးမြှောက်ပေးပါသည်။ ယခုတစ်ဖန် ဆရာတော်ကြီးမှ ၄-၁၂-၂၀၁၃ နေ့ သာမဂ္ဂီအကျင့် တရားတော်ကို ဟောကြား ချီးမြှောက်တော် မူခဲ့ပါသည်။ အလှူ ရှင်များ ကြည်ညိုသဒ္ဓါပွါးနိုင်ရန် အင်တာနက် လိုင်းပေါ်မှာ တင်ပေးလိုက်ပါသည်။