အသက်တစ်ရာနေချင်သလား

ကနေဒါ နိုင်ငံသူ ဂျေစီဂါးရက် တစ်ယောက် အသက် (၁၀၂) နှစ်မှာမှ သေဆုံးသွားသည်။ မှတ်သားစရာ၊ အားကျစရာပင်။     အဆိုပါ အမျိုးသမီးကြီး အသက်ရှင်နေထိုင်သွားခဲ့သည့်အကြောင်းမှာ ပို၍ပင် မှတ်သားစရားကောင်းပါသည်။ ဂါးရက်သည် အသက် ၉၀ကျော်သည့်တိုင် သူမသည် ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းပင်ဖြစ်ပါသည်။ အသက် ၈၃ နှစ်တွင် ဂျပန်ပြည်ကို အလည်အပတ်သွားသည်။ ဂျပန်ပြည်ရောက်သောအခါ မိသားစုတစ်ခုနှင့် တွေ့ဆုံပြီး ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ရိုးရာအစားအသောက်တွေစားသောက်သည်။

အသက် ၉၀ တွင် သူမ၏ ပထမဆုံးဖြစ်သော  memoir စာအုပ်ကိုရေးသည်။ ထို့နောက် အသက် ၉၀ကြားတွင် ဖလော်ရီဒါသို့သွားနေကျဖြစ်သည့် သုံးလတာအလည်အပတ်ခရီးကို သွား၍ကောင်းနေတုန်းပင်ရှိသေးသည်။ လွန်ခဲ့သည့်နှစ်က သူမကွယ်လွန်သွားသည်အထိ သူမပုံမှန်အသုံးပြုခဲ့သည့် ဆေးမှာ မျက်စဉ်းခတ်ရေ  ဆေးတစ်မျိုးသာဖြစ်သည်ဟု သူမ၏ သမီးဖြစ်သူ ဆေလီဗာနွန်က ပြောပြသည်။

များစွာသော ကျွန်ုပ်တို့အဖို့မှာ ဂါးရက် ကိုယ်စားပြုသော စံနမူနာကောင်းကို အကျိုးရှိရှိ အသုံးချဖို့ကောင်းပါသည်။  အသက်တစ်ရာကျော်အောင်နေထိုင် သွားနိုင်ရုံမက သူမ၏ ကျန်းမာရေးကိုပါစောင့်ရှောက်နိုင်ခဲ့ပါသည်။ သူမ၏စိတ်စွမ်းအားမှာ ဘာမှဖေါက်ပြန်မှုမရှိဘဲ ပကတိအတိုင်းပင်ဖြစ်သည်။
သတင်းကောင်းတစ်ပုဒ်မှာ များစွာသောကျွန်ုပ်တို့အဖို့ အသက်အရွယ်ကြီးရင့်လာသည့် အခွင့်အရေးတစ်ခုကို ရရှိလိုက်ခြင်းပင်ဖြစ်ပါသည်။ ယင်းသို့ဆိုလိုက်ရာ သတင်းဆိုးကားဘယ်လိုပါနည်း။

အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် ကျွန်ုပ်တို့အားလုံးမှာ နှလုံးရောဂါ၊ ကင်ဆာရောဂါနှင့် အဆစ်အမြစ်ကိုက်ခဲခြင်းကဲ့သို့သော ရောဂါအမျိုးမျိုးတွေကြောင့် အင်အားများ တဖြည်းဖြည်း ချိနဲ့လာခဲ့ခြင်းဖြစ်ပါသည်။

သို့သော်လည်းစိတ်ဓာတ်မကျပါနှင့်၊ စိတ်ပျက်စရာမဟုတ်ပါ။ သုတေသနတစ်ခုက ညွန်ပြထားသည်မှာ မိမိ၏ ဘ၀နေထိုင်မှုပုံစံကို အပြောင်းအလဲလုပ်ဖို့ ဘယ်တော့မှ အလွန်တရာ နောက်ကျသည်ဟူ၍မရှိပါ။ ထို ဘ၀နေထိုင်မှုပုံစံကို အပြောင်းအလဲလုပ်ခြင်းမှာ မိမိဘ၀ကို ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည်နေနိုင်သောအခွင့်အရေးကို အများကြီးရရှိစေပါသည်။ အောက်ပါအချက်အလက်များမှာ  နာရီစက္ကန့်များကိုပြောင်းပြန်လည်စေသည့် နောက်ဆုံးပေါ် အကြံပြုချက်များဖြစ်ပါသည်။

စိတ်ဓာတ်ကိုမြှင့်တင်ထားပါ
မိမိခန္ဓာကိုယ်၏ တောင့်တင့်သော ကြွက်သားများ အလိုလိုလျော့ကျသွားခြင်းသည် အသက်အရွယ်ကြီးလာခြင်းနှင့်ဆိုင်သည်ဟု တစ်ခါတုန်းက သိပ္ပံပညာရှင်များယုံကြည်ထားခဲ့ပါသည်။ အေရိုးဘစ်လေ့ကျင့်ခြင်း၊ ပြေးခြင်းနှင့်အခြား နှလုံးသွေးကြောကျဉ်းရောဂါသက်သာအောင် လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် နှလုံးနှင့် အဆုပ်အတွက် အကျိုးကျေးဇူးရှိသော်လည်း သုတေသနများက တွေ့ရှိထားသည်မှာ ထိုကဲ့သို့ပြုလုပ်ခြင်းများသည် ခန္ဓာကိုယ်၏ကြွက်သား လျော့ကျခြင်းနှင့် အရိုးများငေါထွက်လာခြင်းများကိုမကာကွယ်နိုင်ဟုဆိုပါသည်။ ထိုကဲ့သို့ အင်အားများလျော့ကျလာမှုကြောင့် ကျွန်ုပ်တို့၏ သွားလာလှုပ်ရှားနိုင်မှုနှင့် အထိုင်အထများကို အသက်ကြီးမြင့်လာသည်နှင့်အမျှ ထိခိုက်သွားစေပါသည်။

၁၉၉၀ခုနှစ်တွင် ဒိန်းမက်နိုင်က လေ့လာမှုတစ်ခုတွင် အသက်ကြီးအားကစားသမားတစ်စုမှာ သူတို့၏ ကြွက်သားများကို အသက်တစ်ဝက်ခန့်ထိန်းထားနိုင်သည်ဟုဖေါ်ပြထားပါသည်။ သူတို့မှာ အလေးမသူများဖြစ်ကြပါသည်။

အမေရိကန်နိုင်ငံမှ လေ့လာချက်များက အတည်ပြုထားသည်မှာ ကြွက်သားများနှင့် အသားအရည်များ လျော့ကျလာခြင်းကို ရပ်တန့်သွားစေနိုင်ပြီး အလေးမခြင်းကို လေ့ကျင့်သမျှကာလပတ်လုံး အိုမင်းခြင်းကို ပြောင်းပြန်ဖြစ်သွားနိုင်အောင်ပင် လုပ်ပစ်နိုင်သည်ဟုဆိုပါသည်။ သွေးဆုံးပြီးဖြစ်သည့် အသက်၅၀ ကျော်  ၆၀ အရွယ်ရှိ အရိုးတွေထွက်နေသော အမျိုးသမီးတစ်စုသည် ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်မျှ တစ်နှစ်လောက် အလေးများမပြီးနောက်တွင် သူတို့၏ရလဒ်မှာ အသက်၃၀ အရွယ်အမျိုးသမီးများအတိုင်း အင်အားတွေထွားကျိုင်းပြီး ပြည့်ဖြိုးသွားသည်ဟုဆိုပါသည်။

လမ်းလျောက်ထွက်ပါ
သင်သည် အသက် ၅၀ ရှိနေပြီဖြစ်သည့်တိုင် ကာယလေ့ကျင့်ခန်းများကို တစ်ခါမှ မလုပ်ဖူးသော်လည်း ရက်သတ္တတစ်ပတ်လျှင် သုံးကြမ်ကျ နာရီဝက်ခန့် ခပ်သွက်သွက် လမ်းလျောက်ပါက အခြေခံအားဖြင့် သင်၏ခန္ဓာကိုယ် အိုမင်းခြင်းကို ဆယ်နှစ်ခန့်ပြန်ပြီးနုပျိုအောင်လုပ်ပစ်နိုင်ပါသည်ဟု အိုမင်းမှုဆိုင်ရာအထူး ကျွမ်းကျင်သူ ကနေဒါအမျိုးသမီး ဂါးရထ် ဂျုန်းစ်က ဆိုပါသည်။

သူ၏ အကြောင်းရင်းဘယ်လိုပါလဲ။ အငြိမ်းစားယူပြီးသော လူ ၂၂၀ကို သုံးနှစ်လောက်စမ်းသပ်လေ့လာမှု ပြုလုပ်ကြည့်ပါသည်။ ထိုအထဲတွင် လူထက်ဝက်ခန့်ကို လေ့ကျင့်ခန်းများမလုပ်ခိုင်းဘဲထားပြီး၊ ကျန်လူထက်ဝက်ကို ရက်သတ္တ တစ်ပတ်လျှင် သုံးကြိမ် မိနစ်သုံးဆယ်ခန့် ခပ်သွက်သွက်လမ်းလျောက်ခိုင်းပါသည်။ တစ်နှစ်ကြာသည့်အချိန်တွင် လေ့ကျင့်ခန်းလုပ်သည့်အုပ်စုမှာ အေရိုးဘစ်စွမ်းရည် ၁၂ ရာခိုင်နှုန်းနှင့် ကြွက်သွားခွန်အားများ ၁၀ ရာခိုင်နှုန်းမြင့်တက်လာပြီး အထိုင်အထများ ပေါ့ပါးသွားစေပါသည်။ ယင်းမှာ  လွန်ခဲ့သည့်ဆယ်စုနှစ်လောက်က  လေ့ကျင့်ခန်းမလုပ်ဘဲ ဆုံးရှုံးသွားခဲ့သည့် အင်အားများနှင့် ညီမျှသည်ဟုဆိုပါသည်။

လုံးဝနောက်မကျသေးပါ

 ဗြိတိန်မှထုတ်ဝေသည့် ဆေးပညာဂျာနယ်၏ မှတ်ချက်တွင် သင်သည် အသက် ၃၀တွင် ဆေးလိပ်သောက်ခြင်းကိုရပ်ပစ်လိုက်လျှင် သင်၏အသက်ရှည်နှုန်းက တစ်သက်လုံးဆေးလိပ်မသောက်သူများကို ယှဉ်ပြိုင်နှိုင်စွမ်းရှိပါသည်ဟု ဖေါ်ပြထားပါသည်။ အသက် ၅၀ တွင်ရပ်ထားပစ်လိုက်နိုင်လျှင် ဆေးလိပ်သောက်ခြင်းကြောင့် နောက် ၁၅ နှစ်တွင်သေဆုံးနိုင်မှု၏ ထက်ဝက်ကို ကယ်ထားလိုက်နိုင်ပါသည်။

အကယ်၍ ဆေးလိပ်သောက်ခြင်းကြောင့် သင့်ကျန်းမာရေးချို့ယွင်းနေသည့်တိုင် ကောင်းကျိုးများ ရရှိနိုင်ပါသေးသည်။ နှလုံးရောဂါဖြစ်ပြီးမှ ဆေးလိပ်သောက်ခြင်းကိုရပ်ပစ်ကြသည့် ပုဂ္ဂိုလ်များမှာ အသက်ရှင်ဖို့ အခွင့်အလမ်း ၃၀ ရာခိုင်နှုန်းခန့်  လျော့နည်းသွားသည်ဟု ကနေဒါလူမျိုး နှလုံးအထူးကု ဒေါက်တာ နာဗီးလ် ဆုစကင်ကဆိုပါသည်။

အာဟာရဖြစ်စေသောအရာများကိုသုံးဆောင်ပါ
သင်၏ခန္ဓာကိုယ်တွင် နာရီများပြောင်းပြန်လည်သွားသည်ကို မြင်တွေ့လိုလျှင်( သင်ပြန်၍နုပျိုလာသည်ကိုမြင်တွေ့လိုလျှင်) တိုင်းတာချင့်ချိန်ပြီး ၀၀လင်လင်စားသောက်ဖို့လိုအပ်ကြောင်း အဟာရဆိုင်ရာ ကျွမ်းကျင်သူ ချန်တီ ဂျွန်ဆင်က အကြံပြုထားပါသည်။ဥပမာ ဟင်းနုနွယ်၊ အာလူး၊ ဘလူးဘေရီသီးများ၊ ပဲများ၊ ပြောင်းနှံ ပြောင်းဖူးများ၊ အခွံမာသီးများ၊( အခွံမာသီးကို ရက်သတ္တတစ်ပတ်လျှင် ငါးကြိမ်အထက် စားသုံးနိုင်လျှင် နှလုံးရောဂါကြောင့်သေဆုံးနိုင်မှုကို ၂၅ ရခိုင်နှုန်းကနေ၍ ၃၉ ရာခိုင်နှုန်းအထိဖြတ်ပစ်နိုင်သည်ဟု အမေရိကန်နိုင်ငံမှ မကြာသေးခင်က သုတေသနအရ သိရပါသည်။) ပြီးလျင် ဆောလ်မွန်ငါး၊ တူနာငါး နှင် တစ်ခြား ရေအေးငါးများကို စားသုံးဖို့အကြံပြုထားပါသည်။
 ဆေးတစ်လုံးသောက်ပါ
ဗီတာမင်အားဆေးလုံးတစ်လုံးသောက်ဖို့လိုအပ်ပါသည်။ အသက်ကြီးလာသောအခါ ကျွန်ပ်တို့၏ခန္ဓာကိုယ်သည် စားသောက်လိုက်သည့် အစာများမှာ အဟာရဓာတ်ကို လုံလုံလောက်လောက် စုပ်ယူနိုင်မရှိပါဟု ဂျွန်ဆင်ကထောက်ပြပါသည်။ ဓာတ်သတ္ထုများစွာပါဝင်သော ဗီတာမင်မျိုးစုံအားဆေး တစ်လုံးက ယင်းအဟာရများကို ဖြည့်ဆည့်ပေးပါသည်။ သို့ရာတွင် ကျန်းမာရေးနှင့်ညီးညွတ်သော ဓာတ်စာအတွက်မှု ထိုဆေးက အစားထိုးနိုင်မည်မဟုတ်ပါ ဟု သူမကဆိုပါသည်။ အစားအသောက်များတွင်အမျှင်ကဲ့သို့သော  အရေးကြီးသည့် အစိတ်အပိုင်းများပါဝင်ပါသည်။ ၄င်းကို ဆေးတစ်လုံးဆီကနေ ရနိုင်မည်မဟုတ်ပါ။ထို့အပြင်သင်၏ ဗီတာမင်လိုအပ်ချက်မှာ ခန္ဓာကိုယ်၏ အရိုးများကိုသန်မာစေသည့် ထုံးဓာတ်များအတွက်၊ ထုံးဓာတ်များကို စုတ်ယူနိုင်စေဖို့နှင့် အဆစ်အမြစ်များရောင်ရမ်းခြင်းကို ကာကွယ်စေဖို့အတွက် ဗီတာမင်ဒီ၊ ပြီးလျင် သင်၏ကိုယ်ခံအားကိုပြည့်ဝစေဖို့၊ အလ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကာကွယ်ဖို့အတွက် ဗီတာမင် အီး ဖြစ်သည်ဟု အမေရိကန်နိုင်ငံ အဟာရသုတေသနဌာနမှ အဖွဲ့ဝင်ဒါရိုက်တာဖြစ်သူ ဂျေဖရီ ဘလုမ်းဘားက မှတ်ချက်ပေးပါသည်။
ဦးနှောက်ကိုပိတ်မထားပါနှင့်
သုတေသနအသစ်တွေက ညွန်ပြထားသည်မှာ အဆီများလျော့ချခြင်းသည် စဉ်းစားဆင်ခြင်ဉာဏ်နှင့် မှတ်ဉာဏ်စွမ်းရည်ကို ထုံးထိုင်းသွားစေပါသည်ဟုဆိုပါသည်။ လွန်ခဲ့သည့် နှစ်နှစ်လောက်က အဟာရပညာရှင် ကနေဒါလူမျိုး ကာလို ဂရိမ်းဝူးဆိုသူက လေ့လာတွေ့ရှိချက်မှာ ဓာတ်ခွဲခန်းထဲမှ ကြွက်များကို စမ်းသပ်လေ့လာတွင် နားလည်မှုနှင့် မှတ်ဉာဏ်များဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးသွားသည်ဟုဆိုပါသည်။ ထိုအချိန်ကစပြီး ယင်းလေ့လာတွေ့ရှိချက်အတိုင်း လူသားများအတွက်လည်း ထိခိုက်ပျက်စီးနိုင်သည်ဟု သက်သေပြခဲ့ကြပါသည်။
 နေ့ခင်းအချိန်မိနစ် ၃၀ အစား မိနစ် ၄၀ခန့်အိပ်ပါ
အအိပ်အလွန်နည်းပါးခြင်းသည် အင်အားများကို ကုန်ခန်းစေပါသည်။ ထို့အပြင် အလွန်အိပ်ခြင်းသည်လည်း ကျန်းမာရေအတွက် အထောက်အကူမဖြစ်ပါဟု အမေရိကန်နိုင်ငံမှ သုတေသီများ၏အဆိုအရ သိရပါသည်။ သူတို့သည် လူတစ်သိန်းထက်မကသောလူတွေကို ခြောက်နှစ်ကြာသည့်အထိလေ့လာပြီး တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ တစ်ညလျှင် ရှစ်နာရီအိပ်သူများသည် တစ်ညလျှင် ခုနစ်နာရီအိပ်သူများထက် သေဆုံးမှာ ၁၃ ရာခိုင်နှုန်းလောက်ရှိပြီး၊ တစ်ညလျှင် လေးနာရီအိပ်သူများမှာ ၁၇ ရာခိုင်နှုန်းထိ သေဆုံးနိုင်မှု အလားအလာပိုများသည်ဟုဆိုပါသည်။
 သင့်၏ဦးနှောက်ကိုစိန်ခေါ်ပါ
အသက်ကြီးလာသည့်အခါ နိုင်ငံခြားဘာသာတစ်ခုကို လေ့လာသင်ကြားခြင်း၊ ယှဉ်ပြိုင်မှုအကြောင်းကိုရေးသည့်စာအုပ်များကို ဖတ်ခြင်း၊ လက်ချာများကို တက်ရောက်နားထောင်ခြင်းကဲ့သို့သော စိတ်ကိုတက်ကြွ လန်းဆန်းစေသည့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များသည် စိတ်ကို အမြဲတမ်းနိုးနိုးကြားကြားရှိစေနိုင်သည်ဟု ဇီဝဗေဒပညာရှင် ဇရာအကြောင်းနှင့် မှတ်ဉာဏ်အထူးကျွမ်းကျင်သူ အင်ဂေလာ ထရွုင်းယားက ဆိုပါသည်။  ထိုအရာများကို အများကြီးလုပ်သည့် အသက်ကြီးသူများမှာ အနိမ့်ဆုံးအဆင့်အားဖြင့် ရူးကြောင့် မူးကြောင့်ဖြစ်နိုင်သည်ဟုသူကဆိုပါသည်။သီချင်းနားထောင်ပါ
သီချင်းနှင့်ပတ်သက်၍ လေ့လာသင်ကြားခြင်းသည်  ကလေးငယ်များ၏ ဦးနှောက်ကို အခြေခံကျကျ ပြောင်းလဲသွားစေသည်ဟု ကနေဒါလူမျိုး ဦးနှောက်အာရုံကြောဆိုင်ရာကျွမ်းကျင်သူ ခရစ်စတိုပန်တဗ်၏ အဆိုအရသိရပါသည်။ သို့သော်လည်း အသက်ကြီးသူများသည် တစ်ခုခုတီးခတ်ခြင်း၊ သီဆိုခြင်း၊ သို့မဟုတ် မိမိနှစ်သက်သည့် သီချင်းများကို နားထောင်းခြင်းသည် စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ ရရှိနိုင်သည် သူကယုံကြည်ပါသည်။အကြောင်းမှာကား စိတ်ဝင်စားမှုကိုဖြစ်စေသော သီချင်းများကို နားထောင်ခြင်း သီဆိုခြင်းများသည် မိမိစိတ်မပါသည့် အလုပ်များကိုလုပ်နေရစဉ်အတွင်း ဦးနှောက်၏စုစည်းမှုအင်အားကို တွန်းအားပေးစေသည်ဟုဆိုပါသည်။ သီဝရီကို အတည်မပြုနိုင်သေးသော်လည်း ပန်တဗ်နှင့် သူ၏လုပ်ဖေါ်ကိုင်ဖက်များက ကလေးများနှင့် လူကြီးများ၏ ဦးနှောက်၏ပြောင်းလဲပုံကို လေ့လာရန် ရန်ပုံငွေတစ်ခုကောင်းခံရာ သီးချင်းတေးဂီတများကို သင်ကြားပေးခြင်းဖြင့် ထိုရန်ပုံငွေကို ရရှိလိုက်ကြပါသည်။ဘုရားကျောင်းကန်များကို အလည်အပတ်သွားပါ
အရေအတွက်အားဖြင့် အနည်းဆုံး တစ်ထောင်နီးပါးရှိသော လေ့လာမှုများက ညွန်ပြထားသည်မှာ ဘုရားကျောင်းကန်များ၊ ၀တ်ပြုဆုတောင်းရာနေရများကို သွားရောက်လည်ပတ်သူများသည် ယင်းနေရာများသို့ မသွားရောက်သည့်ပုဂ္ဂိုလ်များထက် ပို၍ကျန်းမာရေးကောင်းကြသည်ဟုဆိုပါသည်။ ထို့အပြင် နောက်ထပ်လေ့လာမှုတစ်ခုအရ ထိုကဲ့သို့ ဘုရားကျောင်းကန်များကို သွားရောက်လည်ပတ်ကြသူများသည် ခုနစ်နှစ် ပို၍ အသက်ရှည်ကြသည်ဟုဆိုပါသည်။

လီဗင်းက ယုံကြည်ထားသည်မှာ ဘာသာရေးဆိုင်ရာနေရားများမှာ လူမှုရေးဆိုင်ရာအသိုင်းအ၀န်းများအတွက် အထောက်အကူဖြစ်စေပြီး သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်သူများအတွက် အထောက်အကူဖြစ်စေသည်ဟုဆိုပါသည်။ ထို့အပြင် မိမိဘ၀ အခြေအနေမလှသည့်အချိန်တွင် နှစ်သိမ့်စရာနေရာတစ်ခုလည်းဖြစ်သည်ဟုဆိုပါသည်။
တစ်စုံတစ်ယောက်အား အကူအညီပေးပါ
နီးနာချပ်ပဲလ်ဆိုသူ လူမှုရေးဆိုင်ရာပညာရှင်က ပြောပြသည်မှာ ဒါဇင်ပေါင်းများစွာသော လေ့လာမှုများက ညွန်ပြသည်မှာ လူမူရေးအသင်းအပင်းများအတွက် အချိန်ကို အသုံးချသူများသည် နောက်နှစ်များတွင် ပို၍ ပျော်ရွှင်ကြပြီး ပို၍ ကျန်းမာကြသည်ဟုဆိုပါသည်။” ဖြစ်နိုင်တာက ဒီမှာ နှစ်ခုထက်မက အကြောင်းအရာတွေကဖြစ်ပျက်နေတာပါ၊ တစ်ခုက ဘာလဲဆိုယင် သင်ဟာ လူတွေကိုမိတ်ဖွဲ့နိုင်ပြီး လူမှုရေးအသိုင်းအ၀န်းတွေကို ရရှိစေပါတယ်။ နောက်တစ်ခုကတော့ ကောင်းရာကောင်းကြောင်းတွေလုပ်ပေးနိုင်တာကို ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်” ဟုသူမကဆိုပါသည်။
အိမ်မွေးတိရိစ္ဆာန်တစ်ကောင်မွေးထားပါ
အမေရိကန်နိုင်ငံ သက်ကြီးရွယ်အိုများအသင်းဂျာနယ်မှ ၁၉၉၀ခုနှစ်က လေ့လာစူးစမ်းမှု တစ်ခုအရ အိမ်မွေးတိရိစ္ဆာန်များကို မွေးကြသည့် အကြီးအကဲများမှာ တိရိစ္ဆာန်များကို မမွေးကြသည့်ပုဂ္ဂိုလ်များထက် စိတ်ဓာတ်ကျရောဂါဖြစ်မူ အလားအလား အလွန်နည်းပါးကြောင်း သိရပါသည်။အိမ်မွေးတိရိစ္ဆာန်များသည် တစ်စုံတစ်ခုကို အာရုံစူးစိုက်ရန်အတွက် ကျွန်ုပ်တို့ထက် ပို၍တွန်းအားပေးတတ်သဖြင့် ကောင်းမွန်သော အကျိုးကျေးဇူးကိုရရှိစေပါသည်ဟု လူသားနှင့်တိရိစ္ဆာန်ဆက်စပ်မှုဆိုင်ရာ အထူးကျွမ်ကျင်သူ စိုင်ဒီအာဒမ်က ယုံကြည်လက်ခံထားပါသည်။ “ကျမတို့ နာချင်မှုတွေခံစားနေရတဲ့အချိန်မျိုးမှာ အဲဒီခံစားနေရတဲ့ဝေဒနာကနေ စိတ်ကိုသက်သာအောင် လုပ်ပေးပါတယ်”ဟု သူမကဆိုပါသည်။အကောင်းဆုံးကိုင်တွယ်ဖြေချင်းမှုတစ်ခုကိုလိုက်ရှာပါ
အသက်ရာကျော်ဘိုးဘွားများ အများဆုံးမျှဝေပေးကြသည့်စွမ်းရည်သတ္တိတစ်ခုမှာ ကျဉ်းကျဉ်းကျပ်ကျပ် မနေဖို့၊ လွတ်လွတ်လပ်လပ်နေထိုင်ဖို့ဆိုသည့် အရည်အချင်းတစ်ခုဖြစ်သည်ဟု နယူးအင်္ဂလန် ဘိုးဘွားများလေ့လားရေးဌာန၏ အဆိုအရသိရပါသည်။ စိတ်ဖိစီးမှုခံစားရလျှင် ခန္ဓာကိုယ်အား သက်သောင့်သက်သာမဖြစ်စေကြောင်း အာရုံကြောသိပ္ပံဆိုင်ရာ ပါမောက္ခ ဟေးမင်း အနီစမန်းက ပြောဆိုပါသည်။ စိတ်ဆိုးဒေါသဖြစ်သောအခါ သင်၏ခန္ဓာကိုယ်မှ အာဒရီနယ်ဂလင်းများထုတ်ပေးခြင်းကြောင့် နှလုံးခုန်မှုကို ပိုမိုမြန်သွားစေကာ ၄င်းမှာ ပြဿနာကိုလက်တလောဖြေရှင်းပစ်ဖို့ တွန်းအားပေးစေသည်ဟုဆိုပါသည်။ သို့သော်လည်း ၄င်းမှာသင်၏ အင်မြူးစနစ်ကို ထိခိုက်စေပြီး၊ မကြာခဏစိတ်လှုပ်ရှားမှုဖြစ်ပါက နှလုံးနှင့် ဦးနှောက်ကိုပါထိခိုက်စေသည်ဟုဆိုပါသည်။ ထို့ကြောင့် ငွေရောင်လိုင်နာခေါ် အကောင်းဆုံးကိုင်တွယ်ဖြေချင်းမှုတစ်ခုကို တွေ့အောင်ရှာပါ။ သင်၏သားသည် ကောလိပ်တွင် စာမေးပွဲကျနိုင်ပါသည်။ သို့သော်လည်း နောက်နှစ်တွင် ကျူရှင်းထားပြီးစာမေးပွဲမကျအောင်လုပ်နိုင်ပါသည်။တစ်ယောက်ယောက်နှင့်အဆက်အသွယ်လုပ်ပြီး ထိတွေ့ဆက်ဆံပါ
သင်သည်အကယ်၍ ခပ်သွက်သွက်လည်းမပြေးနိုင်၊ ဖဲချပ်လည်း မကစားလို၊ ရေလည်းမကူးတတ်လျှင် သည်အတွက် ကောင်းသောသတင်းဖြစ်ပါသည်။ သင်၏မိတ်ဆွေနှင့်ဖဲချပ်ကစားခြင်းသည် သူနှင့်တန်းတူရည်တူဖြစ်သွားနိုင်ပါသည်။

 အမေရိကန်လူမျိုးတစ်ဦးဖြစ်သူ သုတေသီ သောမတ် ဂလပ်စ်ဆိုသူသည် အသက် ၆၅နှစ်အထက်ရှိသော လူပေါင်း ၃၀၀၀ကျော်နီးပါးကို ၁၃နှစ်ကျော်အောင်ထိ ဆောင်ရွက်လုပ်ကိုင်မှု အမျိုးမျိုးကို ပြုလုပ်ခိုင်းပြီး ခြေရာခံလေ့လာကြည့်သောအခါ လူမှုရေးနယ်ပယ်တွင် တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံခြင်းသည် သွေးထဲမှ အဆီ (ကိုလပ်စထရော)များကို လျော့နည်းစေပြီး သွေးတိုးကိုကျစေနိုင်သည့်အပြင် ကျန်းကျန်းမာမာနှင့် လူ့ဘ၀သက်တမ်းကိုလည်း အများကြီးရှည်သွားစေကြောင်းကို သူတွေ့ရှိလိုက်ရပါသည်။

ဦးအာလောက (Research Scholar, Sanskrit University, Varanasi)
၂၀၀၃ ခု၊ သြဂတ်လထုတ်၊ Reader’s Digest မှ CAMILLA CORNELL ၏ Want to Live to Be 100? ကိုပြန်ဆိုပါသည်။ ၄။၇။ ၂၀၁၃။