ကျောင်းအလှူ ရေစက်ချပွဲ MRTV 4 သတင်း

စေတနာရှင်အပေါင်းတို့- အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးလျက် မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်ကြီးကို ထူထောင်လျက်ရှိရာ ယခုအခါ ဗောဓိရုက္ခမူလ အမည်ရှိ (၅) ထပ်ကျောင်းဆောင်တော်ကြီး ၂ ထပ် ပြီးစီးသွားပြီးဖြစ်ပါသည်။ ၄င်းကျောင်းဆောင်တော်ကြီး (၂) ထပ်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ကျောင်းလွှတ်ပူဇာ ရေစက်ချမင်္ဂလာနှင့် သဒ္ဓမ္မဇောတိကာသိမ်တော်ကြီး သိမ်သမုတ်ပွဲ အခမ်းအနားကို ၅-၁၂-၂၀၁၄ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ၄င်းအခမ်းအနား၌ ကမ္ဘာကျော် ဓမ္မကထိက၊ ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် မထေရ်မြတ်ကြီးမှ ရဟန်းဖြစ်ရသော ရည်ရွယ်ချက် (၄) ပါး တရားတော်ကို ဟောကြားချီးမြောက်တော်မူခဲ့ပြီး ၄င်းသတင်းအချက်အလက်များကို MRTV 4 သတင်းက အောက်ပါအတိုင်း တင်ဆက်သွားပါသည်။ ကြည်ညို သဒ္ဒါပွါးနိုင်ကြပါစေ။