မြောက်ဦးဆရာတော်၏ အပါယ်ပိတ် ၀ိပဿနာအလုပ်ပေး အထူးတရားစခန်း

ရွှေမဟာ ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့ မှ ဦးဆောင်လျက် ၀န၀ါသီ အရှင်ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ၏ ဗုဒ္ဓဂယာ၊ မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်၌ (၄) ရက်အချိန်ပြည့် အပါယ်တံခါးပိတ် ၀ိပဿနာအလုပ်ပေး အထူး တရားစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ မည်သူမဆို ညနေတိုင်း တရားနာကြွရောက်နိုင်ရန် ဖိတ်ကြား စီစဉ်ထားကြောင်းလည်း သိရပါသည်။ ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးတည်ထောင်လျက် ရှိသော မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်သည် ယခုအခါ ဘုရားဖူး သူတော်စင်များ၊ တရားစခန်းဝင် သူတော်စင်များဖြင့် ပြည့်နှက်ကာ အထူးပင် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။