မဇ္ဈိမဒေသဘုရားဖူး စိတ်ဝင်စားမှု ပိုမိုများပြားလာ

နိုင်ငံခြားမှ ခရီးသွားလုပ်ငန်းရှင်များနှင့် ထင်ရှားသော ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များသည် ကောင်းမွန်သော အမြင်သဘောထားတစ်ရပ်ထွက်ပေါ်လာမှုကို ရှုမြင်သုံးသပ်လျက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဝင် သီးသန့်အစည်းအဝေးကြီးတစ်ရပ်ကို အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဗုဒ္ဓဂယာ၌ လွန်ခဲ့သော သောကြာနေ့က ကျင်းပပြုလုပ်သည်။ ယင်းအစည်းအ၀းတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ကိုယ်စားလှယ်ပါဝင်ကြောင်းသိရသည်။  အစည်းအဝေးကျင်းပခြင်း၏ အဓိကရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာာသာနှင့်ပတ်သက်သည့် သမိုင်းအကြောင်းအရာများကို အနောက်တိုင်းမှ ခရီးသွားပုဂ္ဂိုလ်များ စိတ်ဝင်စားမှု ပိုမိုများပြားလာစေရန်နှင့်၊ အိန္ဒိယနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ တိုးတက်မှု ပိုမိုရရှိစေရန်အတွက် ဖြစ်သည်ဟုသိရသည်။

budd2webဗုဒ္ဓဘာသာသာတို့၏ သမိုင်းတွင် သံဝေဇနိယလေးဌာသည် အလွန်အရေးကြီးသော နေရာများဖြစ်ကြသည်။ ထိုသံဝေဇနိယလေးဌာနတွင် ဗုဒ္ဓဂယာသည် ဂေါတမဗုဒ္ဓ၏ သမ္မာသမ္ဗောဓိဥာဏ်ကို ရရှိတော်မူသောနေရာဖြစ်သည်။ ဗုဒ္ဓ၀င်စာပေများအရ နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရားရှင်သည်လည်း ဤဗုဒ္ဓဂယာနေရာ၌ပင် ဘုရားအဖြစ်ကို ရောက်ရှိမည်ဟုဆိုသည်။

 နိုင်ငံတကာမှ ဗုဒ္ဓဘာသာဝင်များအပါအ၀င် ရှေးဟောင်းသမိုင်းကို လေ့လာသူများ စိတ်ဝင်စားမှုရှိသည်နေရာများအနက် ဗုဒ္ဓဂယာသည် တစ်ခုအပါအ၀င်ဖြစ်သည်။ ဗုဒ္ဓဂယာအပါအ၀င် သံဝေဇနိယလေးဌာနသို့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ဘုရားဖူးဧည့်သည်များ သိန်းချီပြီး လာရောက်ဖူးမျှော်ကြကြောင်းလည်းသိရသည်။ ဘုရားဖူးခြင်းအစဉ်အလာသည် ဗုဒ္ဓလက်ထက်တော်အခါကပင် စတင်ခဲ့သည်ဟုဆိုသည်။ ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်မပြုမီ သံဝေဇနိယလေးဌာနအား အရပ်လေးမျက်နှာမှ ပရိသတ်လေးပါးတို့သည် လာရောက်ဖူးမျှော်ကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ 

ဗုဒ္ဓဘာသာတို့၏ သမိုင်းတွင် ထင်ရှာသော ဘုရားဖူးခရီးသည်များမှာ ဘုရင်အသောက၊ တရုတ်ရဟန်းတော်များဖြစ်ကြသည့် ဖာဟိယန်(အေဒီ ၅ ရာစု)၊ ဟူယင်ဆန်(အေဒီ ၇ ရာစု) စသော ပုဂ္ဂိုလ်အများအပြားရှိခဲ့သည်ဟု သိရသည်။ ရှေးခေတ်က ဘုရားဖူးခရီးသည်များသည် ဤသံဝေဇနိယလေးဌာနသို့ သက်စွန့်ဆန်ဖျား ခက်ခက်ခဲခဲ ကြိုးစားကာ လာရောက်ဖူးမျှော်ကြကြောင်းလည်းသိရသည်။  တိုးတက်ထွန်းကားလာနေသော ယနေ့ခေတ် ဘုရားဖူးခရီးသည်များမှာမူ အလွယ်တကူ သွားရောက်ဖူးမျှော်နိုင်ကြသဖြင့် ဘုရားဖူးခရီးသည်များအရေအတွက်မှာ တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာခဲ့သည်။

budd3webစက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ကျင့်ပပြုလုပ်သော ဗုဒ္ဓဘာသာ အစည်းအဝေးကြီး၏ နောက်ဆုံးနေ့တွင် ဗီဟာပြည်နယ် ၀န်ကြီးချုပ် Jitan Ram Manjhi (ဇိတန် ရာမ် မန်ဂျီ) က ခရီးသည်များမှရသည့် အကောက်ခွန်ငွေ တစ်ခုတည်းကပင် နောက်၅နှစ်အတွင်းတွင် ဗီဟာပြည်နယ်၏ စီပွားရေးဖွံဖြိုးတိုးတက်မှုအတွက် အင်အား အကောင်းဆုံးအနေအထားကို ရောက်ရှိနိုင်သည် ဟု ထည့်သွင်းပြောကြားသွားကြောင်းသိရသည်။