သာသနာပြုတွေရဲ့ ဘုရားဖူးခရီး

ဘုရားဖူးယင်း လိပ်ဥတူးသူတွေ တူးကြသလို၊ ဘုရားဖူယင်း သာသနာပြုသူတွေကလည်း ပြုခဲ့ကြ၊ ပြုနေကြပါသည်။ (နောင်လည်း ပြုနေကြပါလိမ့်ဦးမည်)။ ယခုပို့စ်မှာမူ မဟာဗောဓိတွင် သာသနာပြုခဲ့ကြသူတွေအကြောင်းဖြင့် အစပျိုး မိတ်ဆက်ပါရစေ။ ဘုရားဖူးတွေ အခုလိုသာယာ အေးချမ်းစွာ ၀င်ထွက်ဖူးမြော်လို့ရနေကြတာ ရှေးကသာသာနပြုတွေရဲ့ ဘ၀နှင့်ရင်းလို့ အလုပ်လုပ်သွားခဲ့ကြတဲ့ ကျေးဇူးကြောင့်ဆိုတာ နားလည်စေချင်ပါသည်။ သမိုင်းကြောင်းကို လှည့်ပြောင်းစောင်းငဲ့ကြည့်ရလျှင် ပဋ္ဌမ မဟာဗောဓိစေတီကြီးတည်ခဲ့သည့် အသောကမင်းကြီး၏ သမိုင်းဝင် ဘုရားဖူးခရီးကို တွေ့ရမည်။ ယင်း၏နောက်တွင် ဖာဟိယန်၊ ဟူယန်ဆင်၊ မင်းထီး၊ မင်းတုန်းမင်းကြီး၊ အနာဂါရိက၊ ဦးစန္ဒြမဏိစသော သာသနာပြု အာဇာနည် ဘုရားဖူးကြီးများကို တွေ့နိုင်ပါသည်။ ယခုလို သာသနာရေး အစဉ်တွေးပူ ဥာဏ်နှင့်ယှဉ်၍ ကုသိုလ်ယူကြသူများကြောင့် ဗုဒ္ဓဂယာနယ်မြေတစ်ခုလုံးတွင် သာသာနိက အဆောက်အဦးတို့ဖြင့် ဝေစည်တင့်တယ် ဂုဏ်ယူဖွယ်ဖူးမြင်နေကြရခြင်းဖြစ်ပါသည်။ အလားတူပင် မိမိတို့ မဟာဗောဓိပရဟိတကျောင်းတိုက်၏ မပြီးပြတ်နိုင်သော သာသနိက ပရိုဂျက်တချို့ အတွက်လည်း သာသနာပြု ဘုရားဖူးခရီးသွားတချို့ မှ ပြည့်ဝထမြောက် အပြီးရောက်အောင် လိုအပ်သမျှ ကုန်ကျစွန့် ကြဲ သဒ္ဓါပြဌာန်း၍ လှူဒါန်းခဲ့ကြပါသည်။

ILBC1web၁-၃-၂၀၁၆ နေ့တွင် New Motion ဘုရားဖူးအဖွဲ့ဖြင့် သာသနာပြု ဘုရားဖူးခရီး ထွက်လာသည့် International Language Business Centre (ILBC) မိသားစုမှ မဟာဗောဓိ ပရဟိတကျောင်းတိုက်၏ ဗောဓိရုက္ခမူလ ငါးထပ်ကျောင်းကြီးအတွက် အမေရိကန် ဒေါ်လာ (၉၉၃၉) နှင့် မြန်မာကျပ်ငွေ တစ်သိန်းတို့ ကိုလည်းကောင်း၊ တိုးချဲ့ သာသနာ့မြေကြီးအတွက် မြန်မာကျပ်ငွေ သိန်း ၇၅၀ တို့ကိုလည်းကောင်း လှူဒါန်းသွားခဲ့ပါသည်။ စေတနာရှင် အပေါင်းတို့ ကြည်ရွှင် ဟဒယ၊ သဒ္ဓါ ဗလ၀ဖြင့် သာဓုခေါ်နိုင်ကြစေရန် အသိပေးလိုက်ပါသည်။

မေတ္တာဖြင့်-

ဆရာတော်၊ မဟာဗောဓိပရဟိတကျောင်း၊ ဗုဒ္ဓဂယာ။