Latest Activities

  • မြေမြတ်မဟာ၌ သမိုင်းရေစီးထန်လာပြီ…

    Monday, February 22, 2016 at 8:15 am |

    ရေစီးကြောင်းတို့၏ သဘောမှာ ရေစီးထိုင်းသည့် အခါရှိသလို၊ ရေစီးထန်သည့်အခါလည်းရှိပေသည်။ ရေစီးနှေးခိုက် ပိတ်ဆို့နေခဲ့သမျှတို့သည် ရေစီးရေဟုန် ပြင်းလာလျှင် လမ်းပွင့်သွားတတ်စမြဲဖြစ်သည်။ အလားတူပင် သမိုင်းဖြစ်စဉ်များကို ပြန်ကြည့်လျှင် မဖြစ်နိုင်၊ဖြစ်ဖို့ရာ လမ်းစပင် မမြင်နိုင်သည့် အခြေနေတရပ်သည် သမိုင်းအချို့အကွေ့တစ်ရပ်တွင် လျှပ်တပြက်အတွင်း အလွယ်ကလေးနှင့် အမှန်တကယ် ထပြီးဖြစ်လာတတ်သည်။  ဗုဒ္ဓဘာသာစတင် ပေါ်ပေါက်ရာ၊ ဗုဒ္ဓ၀ါဒ ချက်မြှုပ်မြေကို ဗုဒ္ဓဘာသာဝင်တို့ အမှန်တကယ် တန်ဖိုးထား မြတ်နိုးကြပါ၏။ Read more >>>

    မှန်ကန်သော ရှာဖွေခြင်း

    Monday, February 22, 2016 at 7:09 am |

    ၁၉-၂-၂၀၁၆ နေ့၊ မဇ္ဈိမဂုဏ်ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ မြန်မာနိုင်ငံမှ ထွက်လာခဲ့စဉ်က အများနည်းတူ ဘုရားဖူးဆိုသော်လည်း၊ တစ်ဦးချင်းစီမှာ တမူထူးခြားတဲ့ သီးသန့် ရည်သန်ချက်ကလေးတွေ ကိုယ်စီနှင့်ဖြစ်ကြသည်။ သည်အချက်မှာ နောက်ပိုင်းတွင်ပေါ်လွင်လာခဲ့သည်။ အမှန်တကယ်ရည်စူးချက် စေတနာမှန်တဲ့ တကယ့်ဘုရားဖူးသူတွေအဖို့တော့ သူတို့ ထင်မှတ်ထားခဲ့သည်ထက် ပိုကြည်နူးရသည်။ ရိုက်ခတ်လာသည့် သဒ္ဓါဓါတ် အဟုန်က တွန်းပို့လိုက်တာကြောင့် ဧဟိဘိက္ခုကြီးများသဖွယ် ရဟန်းအဖြစ်ကို တက်ရောက်သည်အထိ ဖြစ်သွားကြသူတွေလည်း ပါသည်။ ဘုရားဖူးသူတော်စင်တွေ အနေဖြင့် Read more >>>

    6th Intensive English Course

    Saturday, February 20, 2016 at 8:54 am |

    Bodhgaya (Buddhagaya), the land of Enlightenment and Salvation, which is located in Bihar, India, 110 kilometer from Patna, is the most sacred place to all Buddhists, just as Mecca is Read more >>>

    တိုက်တွန်းနိုးဆော်လွှာ

    Saturday, February 20, 2016 at 7:52 am |

    ရန်ကုန်မြို့ ၊ မဟာဗောဓိပရဟိတကျောင်းတိုက်နှင့် မဟာဗောဓိပရဟိတ ကျန်းမာရေး စောင့်ရှောက်မှုစင်တာ ဖြစ်မြောက်ရေး လှူဒါန်းနိုင်ရန် တိုက်တွန်းနိုးဆော်လွှာ သဒ္ဓါကြည်လင် သူတော်စင်အပေါင်းတို့…………. အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ ၊ ဗောဓိသုခပရဟိတမြန်မာကျောင်းတိုက်နှင့် ဗုဒ္ဓဂယာ မဟာဗောဓိ ပရဟိတမြန်မာကျောင်းတိုက်တို့၏ ပဓာနနာယက ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ တွင် ပရဟိတဘုန်းတော်ကြီးကျောင်းနှင့်တွဲလျက် ကုတင် ၅၀ ဆန့် အသေးစား ကျန်းမာရေးစောင့်ရှောက်မှု စင်တာ ဆောက်လုပ်ပြီး Read more >>>

    ဒုတိယအကြိမ် သာသနာ့မြေအလှူ ရေစက်ချပွဲ အခမ်းအနား (ပထမပိုင်း)

    Friday, February 19, 2016 at 11:41 am |

    ဓမ္မမိတ်ဆွေအပေါင်းတို့- အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ဗောဓိသုခ ပရဟိတကျောင်း ဆရာတော် ဒေါက်တာ နန္ဒောဘာသ ဦးစီးပြီး ဗုဒ္ဓဂယာ မြတ်မြေမဟာ၌ ၃၂၄၀၀ စတုရန်းပေ ကျယ်ဝန်းသော မြေကြီးကို မြန်မာနိုင်ငံနှင့် တခြားနိုင်ငံ အရပ်ရပ်မှ စေတနာရှင်တို့၏ လှူဒါန်းငွေဖြင့် သာသနာ့မြေ အဖြစ် ၀ယ်ယူပြီးစီးပြီးဖြစ်ရာ ကမ္ဘာ့အမြင့်မြတ်ဆုံးနေရာ၌ အထူးမြတ်ဆုံးအလှူရေစက်ချပွဲနှင့် မြေသန့်မင်္ဂလာအခမ်းအနားကို ၁၃၄၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၉) Read more >>>