Latest Activities

  • ဗုဒ္ဓဓမ္မဆွေးနွေးချက်များ

    Tuesday, February 16, 2016 at 9:48 am |

    ယနေ့ သတင်းဆက်သွယ်ရေး နည်းပညာခေတ်တွင် တစ်ကမ္ဘာလုံး သိမ်းကျုံးခြင်း (Globalisation) ဟူ၍ ပေါ်လာသည်။ အာကာသထဲသို့ ခြေဆန့်နိုင်ပြီဖြစ်၍ ကမ္ဘာ့မည်သည့် နေရာ၌မဆို တစ်စုံတစ်ရာဖြစ်ပွါးနေဆဲမှာပင် တိုက်ရိုက်ဆက်သါယ်၊ ကြားမြင်လို့ ရနေပါပြီ။ လူ့နေမှု၊ ထိုင်မှု ကိစ္စရပ်တိုင်းတွင် သိပ္ပံတီထွင်မှု တစ်ခုမဟုတ် တစ်ခုနှင့် တစ်နည်းနည်းအားဖြင့် မဆက်နွယ်သည့်အရာဟူ၍ မရှိသလောက်ပင်။ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်က စတင်ခဲ့သည့် သိပ္ပံတိုးတက်ပြောင်းလဲမှုဖြစ်စဉ်သည် Read more >>>

    အသည်းရောင်ရောဂါ (ဘီပိုး)၊ (သို့မဟုတ်) စက်ပုန်းခုတ်နေသောကပ်ရောဂါဆိုး

    Monday, February 15, 2016 at 3:22 am |

    ဘီပိုးအသည်းရောဂါသည် ကာကွယ်တားဆီးနိုင်သော ရောဂါအမျိုးစားဖြစ် သည်။ သို့ရာတွင်ကျန်းမာရေးဗဟုသုတအသိ-သတိမရှိပါက အေအိုင်ဒီအက်စ် (AIDS) ရောဂါထက် အသေအပျောက် များနိုင်သည်။ အိန္ဒိယနိုင်ငံတွင် ဘီပိုးရောဂါဖြင့် နှစ်စဉ်သေဆုံးသူက အေအိုင်ဒီအက်စ်ရောဂါဖြင့် သေဆုံးသူ ဦးရေထက်ပိုမိုများပြားပြီး၊ အေအိုင်ဒီအက်စ်ရောဂါထက် ကူးစက်လွယ်ကူနှုန်းအဆ (၁၀၀) ပိုများသည်။ ဤရောဂါမပြန့်ပွါးရေးအတွက်အများကြီးလုပ်ဆောင်ရပါလိမ့်ဦးမည်။ မုံဘိုင်းမြို့မှ သွားဆရာဝန်တစ်ဦးဖြစ်သူ ဆူဆန်လိုဘိုသည် အသည်းရောဂါကူးစက်မှုခံရပြီး Read more >>>

    အသည်းနှင့် အသားဝါပိုး-ဗုံး

    Saturday, February 13, 2016 at 1:44 am |

    Liver and the H – bomb နွေရက်တွေဆီ တကျော့ပြန်ရောက်လာခဲ့ပါပြီ။ အခုလိုနွေကာလမှာ ကျရောက်ဖြစ်ပွါးလာတတ်သော၊ အန္တရာယ်ကြီးလှသည့် ရောဂါတွေကို သတိထား စောင့်ကြည့်ရမည့် ကာလလည်းဖြစ်ပေသည်။ ထိုသို့ အန္တရာယ်အကြီးဆုံး ရောဂါများ စာရင်းဝင် ရောဂါတခုကား Hepatitis လို့ ခေါ်တဲ့ အသည်းရောင် အသားဝါရောဂါပင်ဖြစ်ပါသည်။ ဤရောဂါမှာ အသည်းတမုဟုတ်ခြင်း (ကြီးထွား) ရောင်ရမ်းလာခြင်းဖြစ်ပြီး၊ Read more >>>

    မြင့်မိုရ်တောင်

    Saturday, February 13, 2016 at 1:14 am |

    လောကမှာ အစားထိုးမရနိုင်တဲ့ အရာတွေအနက် အရေးပါဆုံးဟာ မိဘတို့အတွက် သားသမီးဖြစ်ပါလိမ့်မယ်။ ကျွန်တော့်လိုသားတယောက်အတွက်တော့ မိဘဖြစ်ပါတယ်။ ကျွန်တော့်အမေ တကယ်နေထိုင်မကောင်းဖြစ်လာပြီဆိုကတည်းက “အမေ့ကို လက်လွှတ်ဆုံးရှုံးကောင်း ဆုံးရှုံးရတော့မှာပါလား”  ဆိုတဲ့ အသိက ပေါက်ကွဲတော့မတတ် ရိုက်ချက်ပြင်း ငလျင်တစ်ခုနှယ် ကျွန်တော့်ရင်ထဲမှာ ရိုက်ခတ်နေခဲ့ပါတယ်။ ၂၀၀၅ ဆောင်းရာသီထဲမှာ အမေ့ခြေထောက်လေးတွေ အလိုလိုနေရင်း ရောင်ရမ်းတာကနေ အစပျိုးပါတယ်။ ပျို့အန်ခြင်း ဝေဒနာလေးတွေ ခံစားရတာဟာ အစာအိမ်နဲ့ ပတ်သက်တဲ့ Read more >>>

    အသက်နှင့်ထပ်တူ (မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံမှာ ကျောက်ကပ်ခွဲစိပ်အစားထိုးလာကုတဲ့ တက္ကသိုယ်ကျောင်းသူတစ်ယောက်အကြောင်း) 

    Friday, February 12, 2016 at 2:07 pm |

    လူတိုင်းသေမှာတော့ အကြောက်တတ်သားတွေချည်း။ ဒါပေမဲ့ အများအားဖြင့်တော့ ကိုယ်သေရမည့်၊ ကိုယ့်အလှည့်မဟုတ်ရင်၊ ကိုယ့်မိသားစု မိတ်ဆွေ၊ ကိုယ့်နှင့် တစုံတစ်ရာ ရင်းနှီး သက်ဆိုင် သူမဟုတ်ရင် သူတို့ သေတာ ကိုယ့်မိသားစု မိတ်ဆွေ၊ ဘာမှမထူးခြာားလှတဲ့ ဖြစ်ရပ်တစ်ခုလို သဘော ထားကြတာပဲ မဟုတ်ပါလား။ ကိုယ်တတ်နိုင်တဲ့ အနေအထားရှိရင်တော့ ပါဝင်ကူညီ၊ ကယ်ဆယ် ချင်သူတွေက ရှားတယ်ပဲ ဆိုစေဦး၊ လောကကြီးထဲမှာ Read more >>>