Latest Activities

  • မဟာဗောဓိပရဟိတကျောင်း (ဗုဒ္ဓဂယာ)

    Wednesday, February 10, 2016 at 7:32 am |

    Mahabodhiဗဟုဇန ဟိတာယ၊ သုခါယ၊ လောကာနုကမ္ပါယ ဗုဒ္ဓေါလောကေ သမုပ္ပန္နော ဟောတိ (= လူ၊ သတ္တ၀ါအများ၊ အကျိုးစီးပွါးဖြစ်စေရန်၊ ဒုက္ခကင်းပျောက် ချမ်းသာရောက်၍၊ လောကကိုစောင့်ထိမ်း၊ ရန်ငြိမ်းအေးချမ်းစေရန် ဤလောကတွင် ဗုဒ္ဓဘုရားရှင် ပွင့်ပေါ်တော်မူလာခဲ့ခြင်းဖြစ်သည်)။ ထို့ထက်ဆိုရပါမူ - ဗုဒ္ဓ၀ါဒအမြင်ဖြင့် ကမ္ဘာကြီးအား Read more >>>

    ဗောဓိသုခပရဟိတကျောင်းတိုက်

    Wednesday, February 10, 2016 at 6:38 am |

    နိဒါန်း အိန္ဒိယ၏ အရှေ့ဘက် ၀င်ပေါက်ဖြစ်၍ မြန်မာနိုင်ငံ၏ အနောက်ခြမ်းမြို့တော်ဟု ဆိုနိုင်သော ကာလကတ္တားမြို့တော်၊ ပထ၀ီအနေအထား၊ သမိုင်းနောက်ခံနှင့် လက်ရှိသွားလာ၊ ဆက်ဆံရေးများကို ကြည့်လျှင် ဤအတိုင်းပင်ဖြစ်နေကြောင်း ရှင်းပါသည်။ တချိန်က ပွဲစားကြီး ရှစားရွီ ကဲ့သို့သော ရခိုင်ကုန်သည်ကြီးများ စီးပွါးရေးအခြေစိုက်ခဲ့ရာ၊ ရှေးခေတ် မြန်မာကျောင်းသားများ ပညာတော်သင်ခဲ့ရာ၊ မြန်မာနိုင်ငံမှ ဘုရားဖူးမှအစ ကိစ္စကြီးငယ်ဖြင့် ၀င်ထွက်ရောက်ပေါက်မှု အများဆုံးနေရာ၊ ဤမျှရေခံမြေခံကောင်းသော ကာလကတ္တားမြို့တော်တွင် Read more >>>

    မြောက်ဦးဆရာတော်၏ အပါယ်ပိတ် ၀ိပဿနာအလုပ်ပေး အထူးတရားစခန်း

    Wednesday, October 22, 2014 at 12:43 pm |

    ရွှေမဟာ ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့ မှ ဦးဆောင်လျက် ၀န၀ါသီ အရှင်ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ၏ ဗုဒ္ဓဂယာ၊ မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်၌ (၄) ရက်အချိန်ပြည့် အပါယ်တံခါးပိတ် ၀ိပဿနာအလုပ်ပေး အထူး တရားစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ မည်သူမဆို ညနေတိုင်း တရားနာကြွရောက်နိုင်ရန် ဖိတ်ကြား စီစဉ်ထားကြောင်းလည်း သိရပါသည်။ ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးတည်ထောင်လျက် Read more >>>

    အတုလမဟာ မြကျောက်ဆရာတော်၏ ခန္ဓာဥာဏ်ရောက် (၇) ရက်အချိန်ပြည့် ၀ိပဿနာအလုပ်ပေးတရားစခန်း

    Sunday, October 19, 2014 at 8:44 am |

    မန်မာနိုင်ငံ၊ မန္တလေးမြို့၊ ရန်ကင်းတောင်ခြေ၊ အတုလမဟာ မြကျောက်ဆရာတော်၏ ခန္ဓာဥာဏ်ရောက် ၀ိပဿနာအလုပ်ပေး တရားစခန်းကို ဗုဒ္ဓဂယာ မဟာဗောဓိနယ်မြေတွင် (၇)ရက်တိုင်တိုင် အချိန်ပြည့်ကျင်းပလျှက်ရှိပါသည်။ ဆရာတော်ဘုရားကြီးသည် မြန်မာတွင်သာမက စင်္ကာပူ၊ တရုတ်စသည့်နိုင်ငံများတွင်ပါ ၀ိပဿနာ တရားဘာဝနာများကို လမ်းညွှန်းပြသနေသည့် ဆရာတော်တစ်ပါးဖြစ်သည်။ ဆရာတော်၏ သီလ၊ သမာဓိဂုဏ်ကြောင့် သီတင်းသုံးတော်မူရာ မန္တလေးတောင်ခြေရှိ ကျောင်းတိုက်နယ်မြေ Read more >>>

    ဗုဒ္ဓဂယာ၌ ဘုရားဖူးယင်း တရားဘာဝနာပွားများမည့်သူ များပြားလာဖွယ်ရှိ

    Tuesday, September 30, 2014 at 1:02 pm |

    ဗုဒ္ဓဂယာမြေမြတ်မဟာသည် သမ္မာသမ္ဗောဓိ ဆုပန်ဘုရားရှင်းတိုင်း၏ သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်၍ ဘုရားအဖြစ်သို့ ရောက်စမြဲဖြစ်သည့် ထူးကဲမြင့်မြတ်သော နေရာဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဤနေရာကို အထွက်အမြတ်ထာသည့်အလျောက် ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်တိုင်းသည်လည်း ဤဗုဒ္ဓဂယာနေရာတော်မြတ်နှင့် သံဝေဇနိယ(၄)ဌာနတို့အား မိမိတို့တတ်နိုင်သည့် အချိန်၌ တစ်သက်တွင် တစ်ကြိမ်ဆိုသလို လာရောက်ပြီး ဖူးမျှော်လေ့ရှိကြပါသည်။ တစ်ချို့သော ပုဂ္ဂိုလ်များမှာ တစ်ကြိမ်တစ်ခါသာမကဘဲ အကြိမ်များစွာ တစ်နှစ် တစ်ကြိမ်စီ ပုံမှန်လာရောက်ဖူးမျှော်ကြသည်ကိုလည်းတွေ့မြင်ရပါသည်။ Read more >>>