Latest Activities

  • ဘုရားဖူးရာသီ တရားစခန်းပွဲများ

    Friday, March 11, 2016 at 4:58 pm |

    ဘုရားဖူးရင်း လိပ်ဥလည်း တူးလိုသူများအတွက် ဗုဒ္ဓဂယာ မဟာဗောဓိပရဟိတ မြန်မာကျောင်းတိုက်၏ (ဘုရားဖူးရာသီ) တရားစခန်းပွဲများ (ယခု ပို့စ်ကို မြေမြတ်မဟာ ဗုဒ္ဓဂယာနှင့် တခြားမဇ္ဈိမဒေသရေး စာအုပ်များဖြင့် နာမည်ရနေသည့် စာရေးဆရာ မဟောသဓာ (မာဂဓတက္ကသိုလ်) မှ ရေးသားချီးမြှင့်ပါသည်။ မြေမြတ်မဟာ နေရာတော်၏ ထူးမြတ်ပုံ၊ မိမိတို့ကျောင်းတိုက်၏ ဓမ္မရေးဆိုင်ရာ ပြုလုပ်ပြီး တရားစခန်းများနှင့်၊ နောင်တွင် အစဉ်သဖြင့် ပြုလုပ်သွားမည့် တရားရှာဖွေရေး Read more >>>

    ကင်ဆာရောဂါ ကုသရာမှာ စိတ်ခွန်အားက အဓိက လိုအပ်

    Sunday, March 6, 2016 at 8:10 am |

    ကျွန်တော် အဆုတ်ကင်ဆာရောဂါ ခံစားလာရသည်မှာ ၁ နှစ်ခန့်ရှိပါပြီ။ ဘုံဘေမြို့ ကင်ဆာအထူးကု ဆေးရုံမှာ သွားရောက်ပြသဖူးပါသည်။ သို့သော် အခြေအနေက ပိုဆိုးလာသည်။ ကျနော်၏ ကင်ဆာ အဆင့်က နောက်ဆုံးအဆင့် နံပါတ် - ၄ ဖြစ်သည်။ ဒါကြောင်း အိန္ဒိယသို့ မဇ္ဈိမဂုဏ် ဘုရားဖူးအဖွဲ့မှတဆင့် ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားဆရာတော်ကြီးအား ဆက်သွယ်လျှောက်ထားပြီး၊ ဒုတိတစ်ကြိမ် ရောက်ရှိလာခဲ့သည်။ သည်တစ်ကြိမ်မှာတော့ Read more >>>

    မိသားစု အိမ်ပြန်ခရီး (ဦးဟန်အေး + မ၀င်းမြင့်သန်း)

    Saturday, March 5, 2016 at 8:28 am |

    ဦးဟန်အေး ကျောက်ကပ်ရောဂါ စတင်ခံစားလာရသည်မှာ ပြီးခဲ့သည့် (၂) နှစ်ကျော်ခန့်ကဖြစ်ပါသည်။ စဖြစ်ကတည်းက ဆေးနှင့် ထိန်းခဲ့ပါ၏။ မထိန်းနိုင်တဲ့ အခြေရောက်တော့ ကျောက်ကပ်ဆေးရတော့တာပါပဲ။ ကျောက်ကပ်ဆေးလာခဲ့တာ ၆ လခန့်ကြာပြီးမှ ၁၁-၁၂-၁၅ နေ့ အိန္ဒိယသို့ ရောက်လာခဲ့တာပါ။ အိန္ဒိယ အပိုလိုဆေးရုံကြီးမှာ ရောက်ရောက်ချင်း လိုအပ်တာတွေ အကုန်စစ်ဆေးရပါတယ်။ စစ်ဆေးလို့ အားလုံးအပြီးလည်းတိုင်ရော၊ နောက်ထပ် ပြတ်ဿနာတစ်ခု ကြုံလာပြန်တယ်။ ကျောက်ကပ် Read more >>>

    သာသနာပြုတွေရဲ့ ဘုရားဖူးခရီး

    Tuesday, March 1, 2016 at 6:32 pm |

    ဘုရားဖူးယင်း လိပ်ဥတူးသူတွေ တူးကြသလို၊ ဘုရားဖူယင်း သာသနာပြုသူတွေကလည်း ပြုခဲ့ကြ၊ ပြုနေကြပါသည်။ (နောင်လည်း ပြုနေကြပါလိမ့်ဦးမည်)။ ယခုပို့စ်မှာမူ မဟာဗောဓိတွင် သာသနာပြုခဲ့ကြသူတွေအကြောင်းဖြင့် အစပျိုး မိတ်ဆက်ပါရစေ။ ဘုရားဖူးတွေ အခုလိုသာယာ အေးချမ်းစွာ ၀င်ထွက်ဖူးမြော်လို့ရနေကြတာ ရှေးကသာသာနပြုတွေရဲ့ ဘ၀နှင့်ရင်းလို့ အလုပ်လုပ်သွားခဲ့ကြတဲ့ ကျေးဇူးကြောင့်ဆိုတာ နားလည်စေချင်ပါသည်။ သမိုင်းကြောင်းကို လှည့်ပြောင်းစောင်းငဲ့ကြည့်ရလျှင် ပဋ္ဌမ မဟာဗောဓိစေတီကြီးတည်ခဲ့သည့် အသောကမင်းကြီး၏ သမိုင်းဝင် ဘုရားဖူးခရီးကို Read more >>>

    ဘုရားဖူးယင်း တရားလည်း အားထုတ်ကြရအောင်

    Saturday, February 27, 2016 at 9:32 am |

    ယဉ်ကျေးမှုမြင့်သော လူ့အဖွဲ့စည်းအားလုံးတွင် မိမိတို့၏ သက်ဝင်ယုံကြည်ရာ ဘာသာတရား ပေါ်ထွန်းရာ နေရာဌာနများကို အထူးအထွဋ်အမြတ်ထား၍ ဘုရားဖူးထွက်သည့် ဓလေ့ရှိကြ၏။ ဗုဒ္ဓဘာသာတွင် အထွဋ်အမြတ်ထား ဖူးမျော်ထိုက်သည့် နေရာတော်များအဖြစ် သံဝေဇနိယလေးဌာန၊ (ဘုရားရှင်တိုင်းမစွန့်သော) အ၀ိဇဟိတ လေးဋ္ဌာနတို့ကို ဘုရားရှင်ကိုယ်တော်တိုင် သတ်မှတ် ဟောကြားတော် မူခဲ့သည်။ ဘုရားရှင်နှုတ်ခပါတ်တော်မှ ဗျာဒိတ်တော်မိန့်မှာချက်နှင့်အညီ အထူးအထွဋ်အမြတ်ထား၍ ဂရုဂါရ၀ပြုကြကုန်သော မိမိတို့ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် အဆိုပါနေရာဌာနများသို့ အနည်းဆုံး Read more >>>