ဗုဒ္ဓဓမ္မဆွေးနွေးချက်များ

ယနေ့ သတင်းဆက်သွယ်ရေး နည်းပညာခေတ်တွင် တစ်ကမ္ဘာလုံး သိမ်းကျုံးခြင်း (Globalisation) ဟူ၍ ပေါ်လာသည်။ အာကာသထဲသို့ ခြေဆန့်နိုင်ပြီဖြစ်၍ ကမ္ဘာ့မည်သည့် နေရာ၌မဆို တစ်စုံတစ်ရာဖြစ်ပွါးနေဆဲမှာပင် တိုက်ရိုက်ဆက်သါယ်၊ ကြားမြင်လို့ ရနေပါပြီ။ လူ့နေမှု၊ ထိုင်မှု ကိစ္စရပ်တိုင်းတွင် သိပ္ပံတီထွင်မှု တစ်ခုမဟုတ် တစ်ခုနှင့် တစ်နည်းနည်းအားဖြင့် မဆက်နွယ်သည့်အရာဟူ၍ မရှိသလောက်ပင်။ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်က စတင်ခဲ့သည့် သိပ္ပံတိုးတက်ပြောင်းလဲမှုဖြစ်စဉ်သည် ယနေ့ခေတ်အထိ တစ်ဟုန်ထိုး၊ ဆက်တိုက် ပြေးလွှားလာခဲ့သည်။ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ၏ အဆင့်ကို ကြည့်လျှင် အဆုံးစွန်အထိ ရောက်နေပြီလားဟုပင် ထင်စရာဖြစ်သော်လည်း စင်စစ်မြစ်ရေ၏ အလျဉ်ကဲ့သို့ မိနစ်စက္ကန့်နှင့်အမျှ ရှေးသို့ချည်း ဒလစပ် ချီတက်ပြေးလွှားနေခြင်းသာဖြစ်သည်။ တီထွင်ဆန်းသစ်မှုခေတ်၏ ရေစီးသည် ထုံးတမ်းစဉ်လာ ကိုးကွယ်ယုံကြည်မှု ကမ်းပါးကို ပထမ ရိုက်ခတ်သည်။

ဗုဒ္ဓဓမ္မဆွေးနွေးချက်များ