မဇ္ဈိမကြေးမုံ

မဇ္ဈိမဒေသ ဗုဒ္ဓဂယာ အပါယ်ပိတ်ဘုရားဖူးခရီးစဉ်
ရပ်ဝေးမြေခြား တိုင်းတပါးမှနေ၍ ဘုရားဖူးလိုခြင်း တခုတည်းအတွက် ကြိုးစား လာရောက်သူ တစ်ဦးအား ဘုရားဖူးလမ်းညွန်သူက ပြောပြသည့် တိုကျဉ်း၊ (သို့) ရှည်ဝေး၍ မရေရာနိုင်လှသော ဗဟုသုတမျှဖြင့်ကား ဘုရားဖူးရာဝယ် နည်းမှန် လမ်းကျ အထောက်အပံ့ရပြီဟု မည်သို့နည်းနှင့်မျှ ဆိုနိုင်မည် မဟုတ်ပေ။ ဘုရားဖူး တစ်ဦး၏ အမြင့်ဆုံးမှန်းခြေသည် အပါယ် တံခါးပိတ်၍ နိဗ္ဗာန်တည်းဟူသော အေးရိပ်သို့တိုင် မှန်းနိုင်ခွင့်ရှိပါသည်။ မဟာပရိနိဗ္ဗာနသုတ်တွင် ပရိနိဗ္ဗာန်ဝင်စံတော်မူခါနီး၌ ဗုဒ္ဓကိုယ်တော်တိုင် ဗျာဒိတ်ပေးတော်မူခဲ့သည့် သာဓကဖြင့်ပင် ဤအချက်သည် လုံလောက် ခိုင်မာနေလေပြီ။

Majima -2nd Edition Last Edited