Only အသုံးအနှုန်းအကြောင်း သိကောင်းစရာ

Only သည် ကြိယာဝိသေသန (Adverb) ပုဒ်ဖြစ်သည်။ ကြိယာဝိသေသနဆိုသည်မှာ ကြိယာကို အထူးပြုသော ပုဒ်ဟု ဆိုလိုသည်။ သို့သော် ကြိယာဝိသေသနပုဒ်သည် ကြိယာတစ်ခုတည်းကိုသာ အထူးပြုသည်မဟုတ်ပါ။ ကြိယာဝိသေသနပုဒ်သည် ကြိယာကို အထူးပြုသလို နာမ၀ိသေသန (adjective) ပုဒ်၊ ၀ိဘတ် (preposition) ပုဒ်နှင့် ကြိယာဝိသေသနပုဒ် အချင်းချင်းတို့ကိုလည်း အထူးပြုပါသည်။ ၄င်းပြင် ကြိယာဝိသေသနပုဒ်သည် ၄င်း နေရာယူသည့်အပေါ်မှာ မူတည်၍ ကတ္တားပုဒ် ရှေးမှာ ထားလျှင် ကတ္တားပုဒ်၊ ကြိယာရှေးမှာ ထားလျှင် ကြိယာပုဒ်၊ ကံပုဒ်ရှေးမှာ ထားလျှင် ကံပုဒ်တို့ကို အသီးသီး အထူးပြုပါသည်။ ၄င်းကို အောက်ပါ only ဖြင့် တည်ဆောက်ထားသော ၀ါကျများကို လေ့လာသိရှိနိုင်ပါသည်။

၁) Only I love her. (ကျွန်ုပ် တစ်ယောက်တည်းသာ သူမကို ချစ်တယ်)။

{တခြားဘယ်သူမှ မချစ်ဘူးဟု ဆိုလိုသည်}

၂) I only love her. (ကျွန်ုပ် သူမကို ချစ်ရုံသာ ချစ်တယ်)။

{လက်ထပ်လိုတာ ဒါမှမဟုတ် တခြားဘာမှ လုပ်လိုတာ မဟုတ်ဘူးဟု ဆိုလိုသည်}

၃) I love only her. (ကျွန်ုပ် သူမတစ်ယောက်တည်းကိုသာ ချစ်တယ်)။

{တခြား ဘယ်သူ့ကိုမှ မချစ်ဘူးဟု ဆိုလိုသည်}

(ကြိယာဝိသေသနပုဒ် အသုံးအနှုန်း အပြည့်အစုံကို နောက်တင်သော post မှာ မျှော်ပါရန်)။

မေတ္တာဖြင့်-
ဆရာတော်ဒေါက်တာ နန္ဒောဘာသ