ဗောဓိသုခပရဟိတကျောင်းတိုက်

နိဒါန်း

အိန္ဒိယ၏ အရှေ့ဘက် ၀င်ပေါက်ဖြစ်၍ မြန်မာနိုင်ငံ၏ အနောက်ခြမ်းမြို့တော်ဟု ဆိုနိုင်သော ကာလကတ္တားမြို့တော်၊ ပထ၀ီအနေအထား၊ သမိုင်းနောက်ခံနှင့် လက်ရှိသွားလာ၊ ဆက်ဆံရေးများကို ကြည့်လျှင် ဤအတိုင်းပင်ဖြစ်နေကြောင်း ရှင်းပါသည်။ တချိန်က ပွဲစားကြီး ရှစားရွီ ကဲ့သို့သော ရခိုင်ကုန်သည်ကြီးများ စီးပွါးရေးအခြေစိုက်ခဲ့ရာ၊ ရှေးခေတ် မြန်မာကျောင်းသားများ ပညာတော်သင်ခဲ့ရာ၊ မြန်မာနိုင်ငံမှ ဘုရားဖူးမှအစ ကိစ္စကြီးငယ်ဖြင့် ၀င်ထွက်ရောက်ပေါက်မှု အများဆုံးနေရာ၊ ဤမျှရေခံမြေခံကောင်းသော ကာလကတ္တားမြို့တော်တွင် ယနေ့တိုင် မည်သည့် ရခိုင် ဗမာ အခြေချနေထိုင် သူဟူ၍ မရှိသေးခြင်းသည် မြန်မာနိုင်အတွက် အလားအလာကောင်းမဟုတ်ပေ။ “အရိပ်ကောင်း မရှိ၍ ငှတ်အပေါင်း ခိုနားခွင့် မသာခဲ့” သော ဤအခြေအနေပေါ်တွင် ဗောဓိသုခ ပရဟိတကျောင်းတိုက်ကို ကာလကတ္တား တနေရာ၌ တည်ထောင်ခဲ့ကြ ခြင်းဖြစ်သည်။

နာက်ခံသမိုင်း

ဆရာတော် ဒေါက်တာနန္ဒောဘာသ သည်၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံမှ ၁၉၈၇-ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ပညာတော်သင်                ရောက်ရှိလာပြီး နာလန္ဒာတက္ကသိုလ်၌ ပညာသင်ခဲ့ရာ ၄င်းတက္ကသိုလ်မှ B.A, M.A နှင့် Ph.D တန်းများကို အောင်မြင်ပြီး နောက် ဤဗောဓိသုခပရဟိတ မြန်မာကျောင်းတိုက်ကို ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော်ဘုရားကြီး ၏ ကမကထပြုမှုဖြင့် ၁၉၉၆-ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဗုဒ္ဓဘာသာ လူငယ်များစာပေအသင်း အမည်ဖြင့် ကျောင်း သားငယ် (၂၀)ခန့်ဖြင့် ပရဟိတကျောင်းတိုက်ငယ်တခုအဖြစ် အစပျိုးခဲ့ကြခြင်းဖြစ်ပြီး ဆင်းရဲသော်လည်း လွတ်လပ်အေးချမ်း သော၊ လှိုက်လှဲဖော်ရွေ၍ အားလုံးအတွက် နေချင်စဖွယ်ဖြစ်သော ခိုကိုးရာနေရာတစ်ခုအဖြစ် ရပ်တည်နေလာခဲ့သည်။ အစောပိုင်းနှစ်များတွင်ပင် ရဟန်းငယ် ရှင်ငယ်များဖြင့် ဝေစည်နေခဲ့သောကျောင်းတိုက်သည် စားဝတ်နေရေးပြဿနာများကို ရင်ဆိုင်ရသည့်အခါများလည်း ကြုံတွေ့ခဲ့ရသည်။ ယနေ့အခြေအနေအထိရောက်အောင် လုံးပမ်းခဲ့ရသော ခက်ခဲပင်ပန်းခြင်း များအပေါ် သဘောပေါက်၍ စာနာခြင်း ရက်ရောကူညီလှူဒါန်းသူများ၊ လူအားငွေအား၊ အကြံဥာဏ်အားများဖြင့် ပါဝင်ခဲ့ကြ သည့် ရဟန်းရှင်လူအားလုံးတို့အား ကျောင်းတိုက် နာယကဆရာတော်များအနေဖြင့် အထူးကျေးဇူးတင်လျက်ရှိကြပါသည်။ မိမိ (ဒေါက်တာ နန္ဒောဘာသ) အနေဖြင့် အခြေအနေအရ၊ သက်ဆိုင်သူများ၏ တာဝန်ပေးမှုဖြင့် အားလုံး၏ကိုယ်စား ဤကျောင်းတိုက်ကြီးအား တာဝန်ယူထိမ်းသိမ်း၍၊ကျောင်းထိုင်ဆရာတော်အဖြစ် ဆက်လက်ရုန်းကန်လာခဲ့ရသူသာဖြစ်သည်။ ယခုထက်ပိုမို တိုးတက် ကောင်းမွန်လာရေးသည် အားလုံးဧ၏ပါဝင်ကူညီမှု၊ စာနာနားလည်မှုနှင့် အပြုသသောဖြင့် ပူးပေါင်း ဆောင်ရွတ်ကြမှုများပေါ်တွင် များစွာတည်မှီနေပါသည်။

ကျောင်းတိုက်မှ ဆောင်ရွတ်ခဲ့၊ ဆောင်ရွတ်ဆဲ အမျိုး၊ ဘာသာ၊ သာသနာရေးရာနှင့် ရှေးဆက်လျှာထားချက်များ

(၁)ပညာရေး

ဗောဓိသုခ မိဘမဲ့ပရဟိတစာသင်ကျောင်း  

Bodhisukha School (English Medium) ခေါ် ဗောဓိသုခပရဟိတစာသင်ကျောင်းကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲသား ကလေးသူငယ်များ မဖြစ်မနေ ပညာတတ်မြောက်နိုင်စေရန် ဦးတည်ချက်ဖြင့် (၂၀၀၁ ) ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့သည်။ ထိုစဉ်က ကျောင်းအိပ်၊ ကျောင်းစား အခမဲ့ ပရဟိတကျောင်းသားငယ် (၂၀) ခန့် ၊ အပြင်မှ ကျောင်းသားက ၅၀ ခန့် ၊ ကျောင်းဆရာ၊ ဆရာမ ၅ ဦးခန့် သာရှိခဲ့သည်။ ယခုအခါတွင် ကျောင်းဆရာ၊ ဆရာမ (၁၂) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၈၀) ခန့် ရှိပြီး၊ မူလတန်မှ ၁၀ တန်းအထိရှိသည်။ အစိုးရထံမှ ၁၀ တန်းထိ ဖွင့်လှစ်ရန် ခွင့်ပြုချက် လျှောက်ထားသည်။ နောက်နှစ်အတွင်း ခွင့်ပြုချက်ရလိမ့်မည်ဟု မျော်လင့်ထားပါသည်။

ပညာရေး
ကိုလံဘိုတက္ကသိုလ်မှ အင်္ဂလိပ်စာ ပါမောက္ခ မစ်စ် ဒူချီ သံဃာတော်များအား အင်္ဂလိပ်စာပြသနေစဉ်

ပညာတော်သင် ထောက်ပံ့ခြင်း
၁၉၉၆ ခုနှစ်ကတည်းကစခဲ့သော ပညာသင် ထောက်ပံ့ကြေးပေးခြင်း စီမံချက်သည် ကျောင်းတိုက်သက်တမ်းနှင့် အမျှပင်ဖြစ် ခဲ့ပါသည်။ ဤထောက်ပံ့ကြေးပေးခြင်းဖြင့် စာပေတတ်မြောက်သွားသည့် စာသင်သားတစ်ချို့ လည်း ရှိနေပြီဖြစ်သည်။ တနှစ် လျှင်အနည်းဆုံး စာသင်သားဆယ်ပါးခန့် အား နှစ်စဉ် လစဉ်အမြဲ ထောက်ပံ့လာခဲ့ခြင်းဖြစ်သည်။

၂) ကျန်းမာရေး

လူနာများအကျိုးဆောင်ရွတ်ခြင်း

ကြီးကျယ်ခက်ခဲသည့် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှု၊ အသည်း အစားထိုးကသမှုကဲ့သို့ သော နာတာရှည် အသည်း အသန်လူနာများနှင့် ယင်းတို့ ၏ မိသားစုများသည် အိန္ဒိယသို့ စွန့် စားလာရောက်ကြခြင်းဖြစ်သည်။ ဘာသာစကားအခက် အခဲ၊ အတွေအကြုံမရှိခြင်း၊ အသိအကျွမ်း ကူညီမည့်သူမရှိခြင်း စသည့် အကြီးမားဆုံးပြဿနာများအားလုံးကို မိမိ(ဆရာ တော်) ကိုယ်တိုင် ဦးဆောင်ပြီး၊ ကျောင်းတိုက်တာဝန်ရှိပုဂ္ဂိုလ်များမှ ၀ိုငးဝန်ကူညီဖြေရှင်းပေးလျှက်ရှိကြသည်။ မထင်မှတ် သော လွဲချော်မှုတစ်ချို့ ကြောင့် တစ်စုံတစ်ယောက် ဒုက္ခမရောက်စေရန် အထူးသတိထားကြသည့်ကြားမှ “လူအမှား” တချို့  ကတော့ ရှိခဲ့ပေသည်သာ၊ သို့ တိုင် အားလုံးမှ အတတ်နိုင်ဆုံး၊ သတိ၊ ပညာထားပြီး၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စိတ်ရှည် ရှည်ထားပြီး လုပ်ကိုင်ပေးကြရန် ညွန်ကြားထားပြီး မိမိကိုယ်တိုင် ကြီးကြပ်ပေး၊ လုပ်ဆောင်လျက်ရှိပေသည်။

Daw Aye Aye
ဒေါ်အေးအေး (၆၃) ဆေးရုံမှ ဆင်းလာစဉ်

“ကျောင်းတိုက် မှလူနာများအပေါ်ထားရှိသည့် စေတနာကြောင့် လူနာများ၏ ဝေဒနာကို ထက်ဝက်မက သက်သာစေရမည်”ဟူသော မူကို ချမှတ်ထားကြောင်းဖြစ်ရပ်များက သက်သေခံပါလိမ့်မည်။ တချို့လူနာမိသားစုဆိုလျှင် ဆေးဖိုးဝါးခ အကုန်အကျများစွာဖြင့် လနှင့်ချီ နေထိုင်ကြရပြီး နောက်တွင် ငွေကြေးအခက်အခဲများနှင့်ပါ ကြုံရသည့်အခါများရှိလေသည်။ ထိုအခြေအနေမျိုးတွင် ကျောင်းတိုက် အနေဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင် ဘ၀တူ လူနာမိသားစုများမှလည်းကောင်း လက်ပိုက်ထိုင်ကြည့်မနေကြဘဲ စေတနာအပြည့်ဖြင့် ၀ိုင်းဝန်းကူညီကြသည်လည်း ရှိပေသည်။ ဆေးကုခံ နာတာရှည်လူနာများအတွက် ဗောဓိသုခ ပရိဝုဏ်သည် ငြိမ်းချမ်းနွေးထွေးသော ကိုယ့်ရပ်ကိုယ့်ရွာနှင့်မခြား ဖြစ်လာခြင်းအပေါ် မိမိတို့အားလုံးမှ ၀မ်းသာ၊ ဂုဏ်ယူကြသလို ခဏလာရောက်သည့် ဘုရားဖူးများလည်း ကြည်နူးစွာ သာဓုခေါ်ကြပါသည်။ လိုအပ်သည့် မိသားစု တည်းခိုဆောင် တစ်ခုဖြစ်မြောက်အောင်လည်း “ ဒေါ်သီတာ ဦးဆောင်သည့် မဇ္ဈိမဂုဏ် ဘုရားဖူးအဖွဲ့မှ စေတနာရှင်များက စုစုပေါင်း ရူပီး ၂-သိန်းခန့် မ’တည်လှူဒါန်းခဲ့သဖြင့် ယခုအခါ ကောင်းကောင်းမွန်မွန် တည်းခိုနေထိုင်နိုင်ကြပြီး ဖြစ်သည်။ လိုအပ်ချက်များကို မိမိတို့၏ အတွေ့အကြုံနှင့် စေတနာ၊ အားလုံးသော စေတနာရှင်များ၏ မေတ္တာ၊ သဒ္ဓါ၊ ပညာတို့ ဖြင့် ဆက်လက်ဝိုင်းဝန်း ဆောင်ရွတ်သွားကြလျှင် အားလုံး ယခုထက်ပို၍၊ ပို၍တိုးတက်ကောင်းမွန်လာမည်သာဖြစ်ပါသည်။ (အထူးလိုအပ်နေသော လူနာကြိုပိုယာဉ်တစ်စီးအတွက်လည်း စတင်အလှူခံနေပြီးဖြစ်ရာ အားလုံးမှ ပါဝင်နိုင်ကြပါသည်။)

 မော်လမြိုင် မြို့သူ မသန္တာ

Mathandaမော်လမြိုင်မြို့သူ မသန္တာ (အသက် ၁၈) နှစ်သည် ကိုးလ်ကတ္တားမြို့ရှိ၊ မိမိတို့ ဗောဓိသုခ ပရဟိ    တကျောင်းတိုက်သို့ ကျောက်ကပ်အစားထိုးရန် (၁၃-၈-၂၀၀၈) နေ့ရောက်ရှိလာသည်။  ရန်ကုန်မှာ ကျောက်ကပ်ဆေးတာ အိမ် ၁ လုံးရောင်းရငွေ အားလုံး ကုန်သွားခဲ့ပြီ။ နောက် အိမ်ကလေးတစ်လုံးကို ရောင်းပြီး ရှိသမျှငွေဖြင့် ကျောက်ကပ်အစားထိုးရန် ရောက်ရှိ လာခြင်းဖြစ်သည်။ ဒီကြားထဲမှာ အသက်မရှူနိုင်အောင် ဗိုက်ထဲမှာ ရေပြည့်နေသဖြင့် ဆေးရုံသို့ ၃ ကြိမ်တိုင်တိုင် တက်ခဲ့ရသည်။ ပါလာသမျှသော ငွေလည်း ကုန်ခါနီးပြီ၊ ဆရာဝန်များကလည်း လူနာ၏အခြေအနေက အရိုးပေါ်အရေတင်ကာ သိပ်အခြေအနေမကောင်းလှသဖြင့် ခွဲစိတ်ရန် ဆန္ဒမရှိခဲ့ပေ။  မသန္တာ အဖေ ဦးသန်းတင်နှင့် ဆရာတော် ဒေါက်တာ နန္ဒောဘာသတို့၏ တာဝန်ယူတောင်းဆိုချက်အရ ဒေါက်တာရိုင်းဘာဂီ ဦးဆောင်သော အပိုလို ဂလန်းအီးဂဲလ် ဆေးရုံကြီးမှ ဒေါက်တာများက ၃၀-၁၂-၀၈ နေ့ မသန္တာအား အောင်မြင်စွာ ခွဲစိတ် ကုသနိုင်ခဲ့ သည်။ ယင်းသို့ ကျောက်ကပ်အစားထိုး ခွဲစိတ်နိုင်ခဲ့ခြင်း၊ လူ့အသက် တချောင်းကို ကယ် ဆယ်နိုင်ခဲ့ခြင်းသည် ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်ဒေါက်တာ နန္ဒောဘာသ၏ ဦးဆောင်ကြိုးပမ်းပေးမှုနှင့် စေတနာရှင်များကလည်း ၀ိုင်းဝန်းကူညီးပေးခြင်းတို့ကြောင်းဖြစ်သည်။

 

၃) လူမှုရေး

ကျေးလက်ဒေသ ဖွံဖြိုးရေးလုပ်ငန်း

123ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးလပ်ငန်းသည် နိုင်ငံတိုင်း၌ အဓိကပဓာနကျသောလုပ်ငန်းဖြစ်သည်။ ကျေးလက်ဒေသ ဖွံြ့ဖိုး စေရန်တစိတ်တစ်ဒေသအားဖြင့်  ပါဝင်ပံ့ပိုးမှုသည် အင်အားအကြီးဆုံး သာသနာပြုလုပ်ငန်းတစ်ခုလည်းဖြစ်ပါသည်။ ယင်းကို ကောင်းစွာသဘောပေါက်မိသော မိမိ(ဆရာတော် ဒေါက်တာနန္ဒောဘာသ)သည် မိမိရဲ့ဒကာ၊ ဒကာမများကို ကော်မတီဖွဲ့  စည်းပေးလျှက် ၂၀၀၉ ခုနှစ်က စတင်ပြီး ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိသည်။ ကျေးလက်ဒေသဖွဲ့ဖြိုးရေး အဓိကလုပ်ငန်းမှာ ဆင်းရဲသူ၊ လူတန်းစားများအား အတိုးငွေ အနည်းဆုံး ချေးငွေ ထုတ်ပေးခြင်းဖြစ်သည်။ ယင်းကို ကမ္ဘာ့သုံးဝေါဟာရ အနေဖြင့် Micro Finance ဟုခေါ်ကြသည်။ ဤလုပ်ငန်းသည် ဆင်းရဲသူ၊ ဆင်းရဲသား ပပျောက်ရေးလုပ်ငန်းအတွက် အားအကောင်းဆုံးလက်နက်ဖြစ်သည်ဟု ကမ္ဘာက အသိအမှတ် ပြုကြသည်။ ယခုအခါ မိမိတို့ ၏ အဆိုပါ ကျေးလက်ဒေ သဖွံ့ ဖြိုးရေးလုပ်ငန်းများ၌ ဒေသခံများ(၅၀၀၀) ကျော် အဖွဲ့  ၀င်အဖြစ် ပါဝင်လျှက်ရှိပါသည်။ ဒီလုပ်ငန်းကြောင့် ရွာပေါင်း (၅၀) ခန့်တိုးတက်ဖွံ့ ဖြိုးလာသည်ကိုတွေ့ မြင်နေရပြီဖြစ်ပါသည်။ ယင်းသို့ တိုးတက်လာသည် နှင့်အမျှ ကလေးငယ်များ အစာအဟာရ ပြည့်ဝစွာ စားသုံးနိုင်လာခြင်း၊ ကျောင်းမှန်မှန် တက်နိုင်လာခြင်း၊ ကျန်းမာရေးပိုင်းမှာ လည်း ပိုမိုကောင်းမွန်လာကြောင်းတွေ့ ရပါသည်။

 

အခက်ကြုံ ခရီးသည်များအား ကူညီထောက်ပံ့ခြင်း
မိမိတို့ ကျောင်းတိုက်သည် မြန်မာနိုင်ငံမှဖြစ်စေ၊ ဘင်္ဂလာဒေ့ရှ်နှင့် အိန္ဒိယ အရှေမြောက်ခြမ်း ပြန်နယ်များမှဖြစ်စေ၊ ဖြတ်သန်းသွားလာသူများ စုဆုံကြရာ ဆုံမှတ်နေရာတွင် တည်ရှိသည်။ သို့ကြောင့် လူမျိုးစုံ၊ အဆင့်အလွှာမရွေးတို့  ၀င်ထွက် ရောက်ပေါက်ကြသည်။ လာရောက်သူအားလုံးသည် အဆင်ပြေ ပြည့်စုံကြသူများချည်း မဟုတ်ကြ။ တခါတရံ ၄င်းတို့ရှေး ဆက်ရဦးမည့် ခရီးစဉ်အတွက် လမ်းစရိတ်အခက်အခဲရှိသူများလည်း မနည်းမနောပါ။ ယင်းတို့သည် တည်းခို၊ စားသောက် ခဲ့မှုအတွက် ထုံးစဉ်အတိုင်း တတ်နိုင်သမျှ လှူဒါန်းနိုင်ခဲ့ခြင်းမရှိတော့သည်ကို စိတ်မကောင်းစွာဖြင့်ပင် အခက်အခဲများကို ဖွင့်ပြောပြီး၊ လက်ဖြန့်သွားကြရသည်။ တချို့ချေးငှါးယူ၊ ပြန်လည်ပို့ပေးသူရှိသလို၊ တချို့လည်းတခါမှ မပြန်တော့သည့် အနာဂါမ်တွေ ဖြစ်သွားကြသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းတိုက်နေ ပုဂ္ဂိုလ်များ အနေဖြင့်ကား ခရီးသွားတစ်ဦး၏ အခက် အခဲကို ဖြေရှင်းပေးလိုက်ရခြင်းအတွက် ကာလဒါနမြောက်သည်ဟု ကျေနပ် ကြည်နူးနိုင်ကြပါသည်။

၎) ဘာသာရေး

တိလောက ၀ိဇယသယမ္ဘူစေတီတော် တည်ထားခြင်း
မြန်မာနိုင်ငံ၊ ပြည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးအား အမှူးထားလျှက် အိန္ဒိယ၊ မြန်မာ၊ စင်္ကာပူ၊ အမေရိက၊ ကနေဒါ နိုင်ငံများမှ တပည့်ဒကာ/ဒကာမများစုပေါင်းပါဝင်ခဲ့ကြသည်။ စေတီတော်အား ၁၉၉၈- ခုနှစ်၊ ဇန္န၀ါရီလ (၁၁) ရက်နေ့တွင် ပထမအကြိမ် ထီးတော်တင်လှူခဲ့ကြပြီး၊ ၂၀၀၆-ခုနှစ်တွင် ဒုတိယအကြိမ် ထီးတော်တင်လှူခဲ့သည်။ ဗုဒ္ဓဘာသာဆိုင်ရာ ဖူးမျှော်၊ ဦးချစရာဟူ၍ လုံးဝမရှိသေးသောဒေသတွင် ထူးခြားစွာ ပေါ်ထွန်းလာခြင်းဖြစ်၍ ရပ်နီး၊ ရပ်ဝေးမှ ဒေသခံလူထုအနေဖြင့် ယနေ့တိုင် အများအပြား ၀င်ရောက်ဖူးမျှော်ကြဆဲပင်ဖြစ်သည်။

သိမ်သမုတ်ခြင်း
ကျောင်းတိုက် တည်ထောင်စဉ်ကတည်းက သာသနာတော်၏ အသက်သဖွယ်ဖြစ်သော သိမ်တစ်ဆောင် မရှိမဖြစ် လိုအပ်ကြောင်း သဘောပေါက်ခဲ့ကြသည်။ ဤအတွက် ၁၉၉၉-ခုနှစ်တွင် သံဃာတော်အရေအတွက် (၃၀)ပါးခန့်ဖြင့် သိမ်တစ်ဆောင် သမုတ်ခဲ့သည်။
ရဟန်းခံ ရှင်ပြုပွဲများ
သာသနာ့ရေသောက်မြစ်ဖြစ်သော ရှင်ပြု၊ ရဟန်းခံလုပ်ငန်းများကို အခါအားလျော်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ဒေသတခု လုံးတွင် တစ်ခုတည်းသော သိမ်တည်ရှိရာကျောင်းတိုက်ဖြစ်၍လည်း ရပ်နီးရပ်ဝေးမှ ဗုဒ္ဓဘာသာများအားလုံးသည် ရဟန်းခံ ကိစ္စအထမြောက်ရေးအတွက် မိမိတို့ကျောင်းတိုက်သို့ လာရောက်ဆောင်ရွက်ကြစမြဲဖြစ်သည်။ ရဟန်းဖြစ်ချိန်တန်လျက် ပစ္စည်းလေးပါး ဒါယကာ/ဒါယိကာမများ မရှိသည့်အခက်အခဲနှင့် တခြားအခက်ခဲရှိသည့် ရဟန်းလောင်းများအား ဘုရားဖူးထဲ မှဖြစ်စေ၊ ဒကာ/ဒကာမများနှင့် မိတ်ဆက်ပေးပြီး ရဟန်းခံပေးခဲ့သည်။

လေးထပ်ကျောင်းဆောင်တော်ကြီး စတင်တည်ဆောက်ခဲ့ခြင်း (အပြီးမသက်နိုင်သေး)
ဤလေးထပ်ကျောင်းဆောင်တော်ကြီးကို ဧည့်သည်များ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာတည်းခိုနိုင်ရေးအတွက် အမြန်ဆုံး အပြီးသတ်နိုင်အောင် ကြိုးစားဆောက်လုပ်နေဆဲဖြစ်သည်။ ယခုနှစ်အတွင်း ဒုတိယထပ်ကို အပြီးသတ်နိုင်လိမ့်မည်ဟု ဆုံးဖြတ်ထားသည်။
တရားစခန်းများ ဖွင့်လှစ်ပေးခဲ့ခြင်း
မြန်မာနိုင်ငံ၊ ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့်ဆရာတော်ကြီး ဦးစီးဖွင့်လှစ်သော ၀ိပဿနာရက်တို တရားစခန်း
များကို ၂၀၀၅-ခုနှစ်တွင် ပထမအကြိမ်နှင့်၊ ၂၀၀၆-ခုနှစ်တွင် ဒုတိယအကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ဒေသခံလူထုများ၏အားပေး ပါဝင်မှု၊ ကျောင်းတိုက်တာဝန်ရှိပုဂ္ဂိုလ်များ၏ အားတက်သရော ကူညီလုပ်ဆောင်မှုများကြောင့် ထင်သည်ထက် ပိုမိုအောင်မြင် ခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မတ်လတွင် အရှင်အရိယ၀ံသ၏ ရက်တိုတရားစခန်းဖွင့်လှစ်ခဲ့ရာ၊ နိုင်ငံခြားယောဂီများတ ချို့ တက်ရောက် အားထုတ်ခဲ့ကြပြီး၊ ကျေနပ်ဖွယ်ရာအောင်မြင်မှုရခဲ့သည်။

ဓမ္မရေးရာ စာအုပ်စာပေများ ရေးသားထုတ်ဝေခြင်း

“ဗုဒ္ဓဓမ္မ ဆွေးနွေးချက်များ” စာအုပ် တစ်အုပ်တည်းကိုပင် မြန်မာနိုင်ငံမှ တစ်ကြိမ်၊ အိန္ဒိယမှ ၃- ကြိမ် ထုတ်ဝေဖြန့် ချိခဲ့ပြီးဖြစ် သော်လည်း ပရိသတ်များ၏ တောင်းဆိုချက်အရ ထပ်မံ ရိုက်နှိပ်ရန် လိုအပ်နေဆဲပင်ဖြစ်သည်။၁၂၃၄ ဤကြိမ်များစွာတွင် အခမဲ့ ဓမ္မဒါနအဖြစ် ဖြန့် ချီနိုင်ခဲ့ခြင်းသည် ကံအားလျော်စွာ စာအုပ်အတွက် စိုက်ထုတ်လှူဒါန်းသူ ‘ ဓမ္မစာပေအလှူရှင်’ များ ပေါ်ထွက်နိုင်၍ဖြစ်ဖြစ်ပါသည်။ မပေါ်ထွက်နုင်သည့်အခါတွင်အခကြေးငွေကို လျော့ပေါ့ယူ၍ဖြစ်စေ ဖြန့် ချိရတော့မည့်အ လား အလာဖြစ်ပါသည်။ ဤမတိုင်မီ အလားတူ ဖြန့် ချိခဲ့သည် မိမိတို့ ကျောင်းတိုက်၏ ပထမဆုံးစာအုပ်မှာ ‘မဇ္ဖျိမကြေးမုံ’ ခေါ် ဗုဒ္ဓဘာသာဘုရားနေရာတော်များ သမိုင်းအကျဉ်း စာအုပ်ငယ်ဖြစ်သည်။ ယင်းကို မိမိ၏ စိုက်ထုတ်မှုဖြင့် စတုတ္ထအကြိမ် မြောက် ထုတ်ဝေလိုက်ပါပြီ။ ယခုအခါ ဤစာအုပ်(၂)အုပ်လုံးကို ကွန်ပျူတာစာမျက်နှာပေါ်မှာလည်း လေ့လာဖတ်ရှုနိုင်ပြီးဖြစ် ပါသည်၊ ကျောင်းတိုက် စတင်တည်ထောင်ခါစ ကတည်းက ဓမ္မလောကဂျာနယ် (အင်္ဂလိပ်လို) တစ်စောင်ကိုလည်း ထုတ်ဝေခဲ့ သေးသည်။ ဤစာစောင်မှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်ထားဆဲဖြစ်သည်။ နောင်ဆက်လက်ထုတ်ဝေသွားဖို့ အစီအစဉ် လည်းရှိပါသည်။ တခြားရေးဆဲ၊ ရေးလတ္တံ့ များလည်းရှိပါ၏။ အဓိကမှာထုတ်ဝေဖြန့်ချိနိုင်ဖို့ အရင်းအနှီးအင်အား လိုအပ်နေ ခြင်းပင်ဖြစ်ပါသည်။

အေအိုင်ဒီအက်စက်၊ ကျောက်ကပ်ကဲ့သို့သော နာတာရှည်ဝေဒနာရှင်များအတွက် အထောက်အပံ့ပြုနိုင်ရေးလုပ်ငန်းများ၊ လုပ်ငန်းများစွာတို့သည် မိမိတို့ကျောင်းတိုက်၏ အနာဂါတ် လျာတားစီမံချက်များဖြစ်ကြသည်။ ဤလုပ်ငန်းများ အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးသည် မိမိတို့၏စွမ်းအင်များကို စိန်ခေါ်နေကြပြီး၊ ရပ်နှီးရပ်ဝေးမှ အမျိုး ဘာသာ၊ သာသနာတော်အကျိုး သယ်ပိုးရန်လိုလားသူ ဒကာ/ဒကာမများတို့၏ စေတနာသဒ္ဓါတရားများအားလည်း နှိုးဆော်
လျှက်ရှိပါသည်။ “တစ်ယောက်အားနှင့် ယူသော်မရ၊ အများအားနှင့်ယူက မရဟူ၍မရှိခြင်း” သဘောကို အပြည့်အ၀နားလည်၊ စာနာပြီး အပြုသဘောဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်လာကြလိမ့်မည်ဟု မျှော်လင့်ပါသည်။