အပိုလိုဆေးရုံ၌ ကျောက်ကပ်အစားထိုးကုသမှု (ကိုယ်တွေ့မှတ်စု)

ဒီစာစုက အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ အပိုလိုဆေးရုံကြီးမှာ တက်ရောက်ပြီးတော့၊ ကျောက်ကပ် အစား ထိုးကုသခံရပုံအကြောင်း ကျွန်မကိုယ်တွေ့ မှတ်စုလေးပဲဖြစ်ပါတယ်။ ကျွန်မက အသက်(၆၆)နှစ်အရွယ် မြန်မာ အမျိုးသမီးကြီး၊ သားကြီးရဲ့ အသက်က ၄၁ နှစ်၊ သမီးက ၃၅-နှစ်၊ သူတို့နှစ်ဦးလုံးက အိမ်ထောင်ရှင်တွေ ဖြစ်ကြ ပြီးတော့၊ ကျွန်မခင်ပွန်းနဲ့ပါဆိုရင် ကျွန်မတို့ မိသားစုလေးဦးဟာ ရန်ကုန်မှာပဲ အတူတကွ နေထိုင်နေကြပါတယ်။

ကျမ အသက်(၂၀)ကျော်အရွယ်-လူငယ်ဘ၀၊ ဒေါက်တာတွေက အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲသည့် ရောဂါဖြစ်တယ်လို့ ဆေးစစ်တွေ့ရှိကတည်းကပဲ ကျွန်မ ဒုက္ခရောက်ခဲ့တာပါ။ ကျွန်မခံစားခဲ့ရတဲ့နာကျင်မှုလျှပ်တ ပြက် သက်သာစေဖို့ ဝေဒနာလျော့ပါးစေတဲ့ အကိုက်အနာပျောက်ဆေးတွေ ကျွေးခဲ့ကြပါတယ်။ သည်လိုနဲ့မဖြစ် စလောက်ကလေးနာပြီဆိုရင်ပဲ အဲဒီဆေးတွေကို ကျွန်မသုံးဆောင်လိုက်တာပါပဲ။ ဒီဆေးတွေဟာကျွန်မရဲ့ကျောက် ကပ်ကိုထိခိုက်နိုင်တယ်၊ အစာအိမ်ပျက်စီးနိုင်တဲ့အကြောင်းတရားဖြစ်တယ်ဆိုတာ(အဲဒီတုန်းက)မသိခဲ့ပါဘူး။