သင့်သွေးတိုး ရှေးမတိုးရအောင် ရှောင်/ဆောင်စရာ (၁၀) ချက်
အမြင့်စား သွေးတိုးရောဂါဖြစ်ပြီဆိုရင်တော့ – နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်နှင့် လေငန်းဖြတ်ရောဂါတွေလို ထွေပြား-ပြင်းထန်လှတဲ့ ရောဂါတွေကို အသံတိတ် လမ်းဖွင့် – လက်ကမ်း-ကြိုဆိုထားတဲ့ အတိုင်းပဲဖြစ်ပါတယ်။ ပြဒါးတိုင်း (120/ 80 –mm HG) ရှိလာပြီဆိုရင် ယေဘုယျအားဖြင့် သွေးတိုးနေပြီလို့ ဆိုနိုင်တယ်။ ဒါဟာ – ဝေဒနာရှင်ရဲ့ အသက်အရွယ်ကို လိုက်ပြီး ရှေးမှာ တိုးသထက် တိုးလာတော့မယ့် အနေအထားပဲဖြစ်ပါတယ်။ ဆီးချိုနဲ့ ကျောက်ကပ်လို ရောဂါမျိုးတွေကို (တပြိုင်တည်း နှစ်ခု) ဒွန်တွဲပြီးတော့ ဖြစ်ပေါ်လာစေနိုင်တဲ့ အနေအထားလည်းပဲဖြစ်ပါတယ်။
နှုန်းမြင့် -သွေးတိုး (သို့မဟုတ်) အာရုံကြောတင်းမာ-သွေးတိုးရောဂါကို  (ကြိုတင်)ကာကွယ် တားဆီးဖို့ဆိုတာ သိပ်ခက်ခဲလှတဲ့ ကိစ္စမဟုတ်ဘူးလို့ပဲ တွေးကြည့်ရအောင်ပါ။ သင့်မှာ ခံစားနေရတဲ့၊ (ဒါမှမဟုတ် ခံစားရဖွယ်အလားလာရှိနေတဲ့) သွေးတိုးကို အခုနှစ်ထဲမှာ အသစ်စတင်ခြင်းတွေနဲ့  ထိမ်းချုပ်၊ ကိုင်တွယ်မယ်၊ ဒါမှမဟုတ် ကာကွယ် တားဆီးမယ် ဆိုရင်တော့ – (အကယ်၍ အခု ဖော်ပြမည့်အချက်တွေက ပုံမှန်အားဖြင့် စွဲစွဲမြဲမြဲဖြစ်လာစေဖို့ ကူညီထောက်ပံ့မည်ဆိုရင် – အဲသည်အချက်လက်တွေကို ကျယ်ကျယ်ဖတ်ပါတော့။ သင့်သွေးတိုးဟာ နှေးနှေးချင်းချင်းကျဆင်းလာခြင်းဖြင့် အဲဒီအချက်တွေကို သေချာစွာ အသုံးပြုနိုင်လာမှာပဲဖြစ်ပါတယ်။ အိုကေ… ?
()     ဆေးလိပ်ဆိုတာကြီးကို မုန်းလိုက
သည်နေ့က စတင်ပြီးတော့ – ကျုပ်ဟာ ဆေးလိပ်ဆိုတာကြီးကို မုန်းလိုက်ပါပြီ။ သွေးလွှတ်ကြောထဲမှာ အခက်အခဲကို ဖန်တီးနိုင်တဲ့ သွေးဖိအားနှုန်းကို ဖြစ်စေတာက နီကိုတင်းဓါတ်၊ နီကိုတင်းကို ဆက်လက်တိုးပွါးစေနိုင်တာဟာ ဆေးလိပ်ပဲ။ အဲဒါကြီးကို ကျုပ်ဖြင့် ဘယ်တော့မှ ပြန်လည် သောက်ရှူကျင့် လုပ်တော့မှာ မဟုတ်တော့။
ဟိုဟိုသည်သည် လှည့်လည်သွားလာရင်း ဆေးလိပ်သောက်တတ်တဲ့ အကျင့်ကြောင့်ပဲ ကျုပ်နဲ့ အနီးကပ်ဆုံးနေနေကြရတဲ့ မိန်းမနဲ့ ခလေးတွေကို နှောက်ယှက်ထိခိုက်စေနိုင်တာမို့လို့ ကျုပ်တော့ဖြင့် ဒါကို ရပ်သင့်လှပါပြီ။
()     ဆားခပ်စားတာ လျှော
ဆားထဲမှာ ပါဝင်တဲ့ Sodium ဓါတ်ကြောင့် သွေးတိုးတာမို့လို့ ကျုပ်ရဲ့ အစားအသောက်တွေထဲမှာ ဆားခပ်စားတာ လျှော့ရမယ်။ ပြီးတော့ – တစ်နေ့ကို လက်ဖက်ရည်ဇွန်း- တဇွန်းစာခန့် ဆားကိုပဲ အစားအသောက်တွေထဲမှာ ရောနှောစားသုံးမယ်၊ ဒီ့ထက်မပိုစေရပါဘူး။
()     မသင့်တဲ့ အစား – လျှော့ပါးစား
အဆီတွေ၊ Cholesterol တွေ အပြည့်အလျှံပါဝင်တဲ့ – (အာဟာရ)တန်ဖိုးနည်းအစားအစာ၊ အလွယ်၊ အမြန်သုံးအစားအစာ (သရေစာ) အဆင်သင့်စားသုံးနှိုင်တဲ့ (ready-made)အစားအစာ (နမူနာပြောရရင် – အာလူးချိပ်တို့၊ အကျော်၊ အလှော်တို့၊ ငရုတ်လူးအသားနီနဲ့ ပေါင်မုန့်ဖုတ်၊ ကင်တို့လို အစားအစာတွေပါပဲ)၊ အဲသည်လိုအစားအသောက်မျိုးတွေ စားတာလျှော့စားမယ်။ အဲသည်အစားအစာတွေ အစားများတာနဲ့  သွေးလွှတ်ကြောထဲမှာ အဆီတွေ ၀ပ်လာမယ်၊ သွေးကြောက ကျဉ်းလာတာနဲ့ အမျှ သွေးတိုးနှုန်းကတော့ မြင့်လာရတာပေါ့။ အဲသည်အစားအစာတွေမစားပဲ – အနည်းဆုံး အသီး၊ အရွက် ဟင်းက နှစ်မယ်။ ဆလတ်က -တစ်ပွဲ၊ လပ်ဆပ်တဲ့ သစ်သီးတွေ နေ့စဉ်စားဖြစ်အောင် စားပါတော့မယ်။
()      လမ်းလျှောက်၊ သန့် ရှင်း၊ လေ့ကျင့်ခန်းလုပ်
မိမိခြေထောက်နှစ်ချောင်းပေါ် ရပ်တည်ပြီးတော့ (ဆိုင်းသိုင်း -ရစ်သမ်ကျကျ) ဆောင့်ဆောင့် လှုပ်လှုပ် လမ်းလျှောက်တာ။ သွက်သွက်မြန်မြန်လေး လျှောက်ပေးတာ၊ အလုပ်ကို ( တဒင်္ဂရပ်ဆိုင်းပြီး) အနားယူတာ၊ ဥယျာဉ်အလှစိုက်ပျိုးတာ၊ အိမ်ပြောင်းရွှေ့ တာ၊ အိမ်သန့် ရှင်းရေး လုပ်တာတွေကို တစ်ဖက်က လုပ်နေကျ လုပ်ရင်းကပဲ၊ ကာယလေ့ကျင့်ခန်း တခုခုကိုလည်း ပုံမှန်လုပ်ဖြစ်အောင် နေ့စဉ်မပျက် လုပ်ပါတော့မယ်။ သည့်အတွက် တစ်နေ့ ကို အနည်းဆုံး မိနစ် (၃၀) အချိန်ပေးမယ်။ သည်လိုအသုံးကျလှတဲ့ နည်းနာတွေနဲ့ ကျုပ်ရဲ့ ခန္ဓာ့ ဝန်အလေးချိန် (၀ိတ်)ကို လျှော့နေမှာပဲဖြစ်ပါတယ်။
()    အတိုင်းအတာနဲ့ ဆက်သွား …
အရက်သေစာ သောက်စားတဲ့ အလေ့ကို အကြွင်းမဲ့ မဖြတ်တောက်နိုင်သေးဘူးဆိုရင်တောင် ကျုပ်ဟာ မနည်းမများ- မယုတ်မလွန်လေး၊ အတိုင်းအတာနဲ့ ပဲ ဆက်သောက်နေဦးမှာပါ။
()     ၀ါသနာပါရာလိုက်စား၊ နား၊ ပျော်ပွဲစားထွက်
ကြည်နူး၊ ပြုံးပျော်နိုင်တဲ့ ၀ါသနာပါရာ (အပျော်တမ်း) အလုပ်တစ်ခုခုကို ကျုပ်လိုက်စားစူးစိုက်ပါ့မယ်။ ပုံမှန်အခြေခံ အခြေနေပေါ်မှာဆိုရင်တော့ – ကျုပ်ဟာ ဘယ်တော့မှ ရုံးက (မပြီးပြတ်တဲ့)အလုပ်ကို  အိမ်ဆီကို ယူဆောင်လာခဲ့တယ် ဆိုတဲ့ အကျင့်မျိုးတော့ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ အဲသည်လို အိုဗာတိုင်းတွေ မလုပ်တဲ့အပြင် ကျုပ်ကိုယ်ပိုင် မိသားစုလေးနဲ့ ပဲ နွေးထွေးလွတ်လပ်စွာ နားနားနေနေ နေထိုင်ရင်းကပဲ အချိန်တွေကို ကုန်လွန်စေမယ်။ အချိန်အကန့် အသတ်နဲ့ ပျော်ပွဲစားလည်း ထွက်နေဦးမှာပဲ ဖြစ်ပါတယ်။
()     မိသားစုကျန်းမာရေး စောင့်ကြည့် … ၊ စစ်ဆေး
မိသားစုဝင်တွေရဲ အန္တရာယ်များလှတဲ့ စက်ပုန်းခုတ်ရောဂါတွေနဲ့ ပတ်သက်သမျှ ကျန်းမာရေး ရာဇ၀င် မှတ်တမ်းကို အစဉ်သဖြင့် ကျုပ်စစ်ဆေးကြည့်နေမှာပါ။ သွေးတိုး ရှိခဲ့ကြဖူးလား၊ နှလုံး၊ ကျောက်ကပ်နဲ့ လေဖြတ်တဲ့ ရောဂါတွေကော ရှိခဲ့ကြဖူးသလား… စသည် စသည်ဖြင့်ပေါ့ဗျာ။ အဲသည်ရောဂါဆိုးတွေဖြစ်ရတဲ့ အဓိက ဇာစ်မြစ်ကတော့ နှုန်းမြင့် သွေးတိုးရောဂါပဲ မဟုတ်ပါလား။
()      ကျန်းမာရေး စစ်ဆေး ခံယူ
အနည်းဆုံး တစ်နှစ်ကို တစ်ကြိမ်လောက်တာ့ ကျန်းမာရေး စစ်ဆေးခံယူ နေမှာပါ။
()     ရောဂါလက္ခဏာ တစ်ခုခု သတိပြုမိချင်း ဆရာ့ဝန်ဆီ ပြေးတိုင်ပင်
နာတာရှည် ခေါင်းကိုက်ရောဂါ၊ မူးရိပ်ရိပ် ရီဝေေ၀နဲ့ တခါတလေ မိုက်ခနဲ ဖြစ်သွားတတ်တဲ့ ရောဂါ၊ ဘာကြောင့်ရယ်လို့ရှင်းမပြနိုင်တဲ့ အကြောင်းမဲ့ ကျွဲမြီးတိုတတ်တဲ့ စိတ်ဆတ်-စိတ်ရောဂါတွေလိုမျိုး ရောဂါလက္ခဏာတစ်ခုခုကို သတိပြုမိပြီဆိုရင်ပဲ ကျုပ်ရဲ့ မိသားစုဆရာဝန်ကို အသိပေး၊ တိုင်ပင်ပါ့မယ်။ (အဲသည်လိုပြသရတဲ့ အခြေအနေမှာ) ဒေါက်တာက သွေးတိုးကျဆေးလို ဆေးတွေပေးလှာပြီဆိုရင်လည်းပဲ ဆေးတွေကို မပျက်မကွက် သုံးဆောင်ပါတော့မယ်။
(၁၀)။     ။ သိသလောက် အသိပေးဖြန့်ဝေ
ကျုပ်သိတဲ့ တခြားလူတွေကြားမှာလည်းပဲ မြင့်မားသွေးတိုးဆိုင်ရာ အကြောင်းအရာ အချက်အလက်တွေကို ကျုပ် သိသလောက် အသိပေးဖြန့်ဝေ ပါ့မယ်။ သည်လိုမျိုး ရိုးစင်းလွယ်ကူလှတဲ့ နည်းနာလေးတွေကို လိုက်နာကျင့်ဆောင်ကြဖို့ သူတို့တွေကို ကျုပ်ဆော်သြနေမှာပဲဖြစ်ပါတယ်။
Dr. Aftab Khan  
နှလုံးဆိုင်ရာ ရောဂါဗေဒ ပါရဂူ
Apollo Gleneagles Hospitals, Kolkata.
အသျှင်အရိယ၀ံသ (နာလန္ဒာ) မှ မြန်မာပြန်ဆိုသည်