ဗုဒ္ဓဘာသာသည်သာ ကိုးကွယ်ရာ

ဘာသာရေးဟူသော ဝေါဟာရကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် ယေဘုယျ အနက်ပေးနိုင်ပါ၏။ သို့ရာတွင် ယင်း၏ တိကျသော အဓိပ္ပါယ်မှန်ကို လေးနက်စွာ ဖွင့်ဆိုရန် လိုအပ်ပါဦးမည်။ Oxford Thesaurus of Current English အဘိဓာန်ထဲတွင် –
(၁) ကိုးကွယ်ရာဘာသာ (= Religion) ဟူသော ဝေါဟာရကို (faith, belief, worship, creed, church, sect, denomination, cult) တို့ဖြင့် ပရိယာယ်ေ၀၀ုစ်တူ ဖော်ပြသည်။ (= ယုံကြည်မှု၊ ရှိခိုးပူဇော်ခြင်း၊ အယူဝါဒ၊ ဘုရားရှိခိုးကျောင်း (ခရိယာန်)၊ ဂိုဏ်း (အုပ်စု)၊ ဘွဲ့၊ အမည်၊ အယူသည်းခြင်း) ဟူ၍ဖြစ်သည်။ ထို့ထက် တိတိကျကျဆိုရသော် –

Buddhism as a Religion