ဗောဓိသုခအခြေခံပညာအထက်တန်းကျောင်း

ဗောဓိသုခအခြေခံပညာအထက်တန်းကျောင်း (Bodhisukha School, English Medium) ကို ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးပြီး ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်သည်။ စတင်ထူထောင်စဉ်က ကျောင်းသား/ကျောင်းသူ ၁၅ ယောက်၊ ဆရာမ ၃ ဦးဖြင့် စတင်ခဲ့သည်။ ယခုအခါတွင်မူ ကျောင်းသား ဦးရေ ၃၀၀ ထိ တိုးတက်လာသည်။ လာမည့် ၂၀၁၇ ခုနှစ်တွင်မူ ကျောင်းသား/ကျောင်းသူ ၈၀၀ ခန့်ထိ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။ အကြောင်းမှာ ယခုနှစ်တွင်မှ ဗဟိုအစိုးရမှ Bodhisukha School ကို အသိအမှတ် ပြုပေးသောကြောင်းဖြစ်သည်။ နောက်လာမည့် စာသင်နှစ် ၂၀၁၈-၂၀၁၉ တွင်မူ ၁၁ တန်းနှင့် ၁၂ တန်း (Senior Secondary Class) ထိ ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ၄င်းအချိန်တွင်မူ ကျောင်းသား/ကျောင်းသူ ၁၂၀၀ ခန့်ထိ Bodhisukha Senior Secondary School တွင် ပညာသင်ကြားနိုင်ကြမည် ဖြစ်သည်။ ပေးထားသော လင့်သို့ ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။ www.bds.school