အတုလမဟာ မြကျောက်ဆရာတော်၏ ခန္ဓာဥာဏ်ရောက် (၇) ရက်အချိန်ပြည့် ၀ိပဿနာအလုပ်ပေးတရားစခန်း

မန်မာနိုင်ငံ၊ မန္တလေးမြို့၊ ရန်ကင်းတောင်ခြေ၊ အတုလမဟာ မြကျောက်ဆရာတော်၏ ခန္ဓာဥာဏ်ရောက် ၀ိပဿနာအလုပ်ပေး တရားစခန်းကို ဗုဒ္ဓဂယာ မဟာဗောဓိနယ်မြေတွင် (၇)ရက်တိုင်တိုင် အချိန်ပြည့်ကျင်းပလျှက်ရှိပါသည်။ ဆရာတော်ဘုရားကြီးသည် မြန်မာတွင်သာမက စင်္ကာပူ၊ တရုတ်စသည့်နိုင်ငံများတွင်ပါ ၀ိပဿနာ တရားဘာဝနာများကို လမ်းညွှန်းပြသနေသည့် ဆရာတော်တစ်ပါးဖြစ်သည်။ ဆရာတော်၏ သီလ၊ သမာဓိဂုဏ်ကြောင့် သီတင်းသုံးတော်မူရာ မန္တလေးတောင်ခြေရှိ ကျောင်းတိုက်နယ်မြေ တနေရာတွင် သဘာဝရေကြည်သန့် ထွက်ရှိပြီး၊ စမ်းသပ်ချက်များအရ ယင်းသည် Minaral water ထက် ပို၍သန့်ရှင်း ကောင်းမွန်သည်ဟုဆိုကြသည်။ ဤအချက်ကြောင့်လည်း ဆရာတော်၏ ဂုဏ်သတင်းကျော်ကြားလျှက် လူသိများခြင်းဖြစ်သည်။

Mya-Kyauk-web(၁၁၊ ၁၀၊ ၂၀၁၄) မှ (၁၇ – ၁၀ -၂၀၁၄) နေ့အထိ မြတ်စွာဗုဒ္ဓ သစ္စာလေးပါးကို သိမြင်တော်မူရာ မဟာဗောဓိပင်အောက် (ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော် ပရ၀ုဏ်အတွင်း) ၌လည်းကောင်း၊ ယင်းနှင့် မလှမ်းမကမ်းတွင် တည်ရှိသည့် မဟာဗောဓိပရဟိတ၊ မြန်မာကျောင်းတိုက်၌လည်းကောင်း ၀ိပဿနာတရားများကို ပြသပေးလျှက်ရှိနေရာ ပါဝင်တက်ရောက်နေသည့် ယောဂီများနှင့် တရားနာပရိသတ်မှာ ဆရာတော်ကြီး၏ လမ်းညွန်ပြသ၊ ဟောပြောချက်များပေါ်တွင် အထူးစိတ်ပါဝင်စားပြီး၊ ကျေနပ်အားရလျှက် ရှိကြသည်။ ၀ိပဿနာ ဥာဏ်ပညာ အသိတရားများတိုးပွါး (တရားသားတက်) လျှက်ရှိကြပေသည်။ ခက်ထန်မာကျောမှု ဒေါသနှင့် တက်ကြွမောက်မာမှုမာနတရားများကို နည်းသထက်နည်းအောင် လျှော့ချ-ထိမ်းချုပ်နိုင်လေ တရားလုပ်ငန်းခွင်တွင် တိုးတက်လေဖြစ်ကြောင်း မိန့်မှာချက်မှာ မှတ်သားစရာကောင်းပြီး၊ ယောဂီများအတွက် လက်တွေ့ကျ-ထိရောက်သည့် လမ်းညွန်သဘောတရားဖြစ်နေသည်။ ယနေ့ခေတ် ဘ၀ကို ပြောင်းလဲတိုးတက်လိုသူများအတွက်လည်း မဖြစ်မနေလိုက်နာကျင့်ဆောင်ရမည့် မိန့်မှာချက် တစ်ခု ဖြစ်ပါသည်။

Mya-Kyauk1webတရားစခန်းဖြစ်မြောက်ရေးအတွက် အစအဆုံး တာဝန်ယူ ဆောင်ရွက်သည့် စေတနာ့ရှင်မှာ ရွှေမဟာ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့ဖြစ်ပြီး၊ ယင်းသည် ၂၉- ၁၀ – ၂၀၁၄) မှ (၀၂ – ၁၁ – ၂၀၁၄ နေ့အထိ ဘုရားဖူး ခရီးသည် ယောဂီပေါင်း (၁၂၀) ဖြင့် ဤမဟာဗောဓိပရဟိတ မြန်မာကျောင်းတိုက်၌ လေးရက်အချိန်ပြည့် ၀ိပဿနာ တရားပါတ်စခန်းတစ်ခုကိုလည်း ဖွင့်လှစ်ရန် အစီစဉ်ရှိကြောင်းသိရသည်။ ထိုတရားစခန်းအတွက် ကမ္မဌာနာစရိယဆရာတော်မှာ မြောက်ဦးဆရာတော် (ဦးဝါယာမိန္ဒ) ဖြစ်ပြီး၊ ဆရာတော်သည် ၀ိပဿနာတရားပြသရာတွင် အလွန်ရိုးရှင်းပြီး၊ အထူးဝါယမစိုက်ထုတ်၍ ပြသလေ့ရှိကြောင်း သိရပေသည်။ မဟာဗောဓိပရဟိတကျောင်းဟူ၍ ထူးခြားထင်ရှားစွာ ဖြစ်မြောက်လာရေးအတွက် မိမိတို့နိုင်ရာ တာဝန်ထမ်းလျှက် ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်သူများ၊ မတည်စိုက်ထုတ်သူ၊ တပိုင်တနိုင်ပါဝင်လှူဒါန်းသူ သာသနာ့မြေအလှူရှင်များ၊ ၀ိဟာရ-ဒါယကာ၊ ဒါယိကာမများအားလုံးအနေဖြင့် ဤပို့စ်ကို ဖတ်ရှုသိရှိရလျှင် အထူးကျေနပ် ၀မ်းမြောက်စွာ သာဓုခေါ်နိုင်ကြမည်ဟု မျှော်လင့်ပါသည်။