ကိုးလ်ကတ္တား မြို့တော်လေဆိပ်တွင် အီဘိုလာရောဂါကို သတိထားစောင့်ကြည့်

အီဘိုလာရောဂါပြန့်ပွားကူးစက်ခံနေရသော အာဖရိကနိုင်ငံများမှ ရောက်ရှိလာသော ခရီးသည်များကို ကိုးလ်ကတ္တားလေဆပ်တွင် လေယာဉ်ဝန်ထမ်း၊ လူဝင်မှုကြီးကြပ်ရေးဌနနှင့် ဆရာဝန်များက သထိထား စောင့်ကြည့်စစ်ဆေးမှုများကို ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။

ရောဂါကူးစပ်ခံရသူ ၉၀%မှာ သေဆုံးကြရသည့် ဂျီးနီယား၊ လစ်ဘရီးယား၊ နိုင်ဂျီးရီးယားနှင့်ဆိုင်းရားလီယုံးနိုင်ငံများမှ ရောက်ရှိလာသော ခရီးသည်များကို စစ်ဆေးမှုပြုလုပ်ရန်အတွက် ကျန်းမားရေးနှင့် မိသားစုဖုံလုံရေးဝန်ကြီးဌာနမှ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကိုးလ်ကတ္တားလေဆိပ်တွင် စနေနေ့က ကျင်းပပြုလုပ်သည်။

လေယာဉ်စီးခရီးသည်များတွင် ဖျားခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်ပေါ်တွင် အဖုအပိန့်များထွက်ခြင်း ကဲ့သို့သော ရောဂါလက္ခဏာများတွေ့ရှိလျင် သတင်းပေးပိုနိုင်ရန် နိုင်ငံတကာသွား လေကြောင်းလိုင်းများအား ပူးပေါင်းဆောင်ရွက်ပေးဖို့ ပန်ကြားထားကြောင်း ကိုးလ်ကတ္တားလေဆိပ်အရာရှိမှ ပြောကြားသည်။ လေယာဉ်ဝန်ထမ်းများအနေဖြင့် အဆိုပါရောဂါလက္ခဏာများရှိသော ခရီးသည်များကိုတွေ့လျှင်  မိမိတို့၏ လေယာဉ်မှူးအား အကြောင်းကြားရန်၊ ၄င်းမှ တစ်ဖန် လေဆိပ်အာဏာပိုင်းများအား ဆက်လက် သတင်းများ ပေးပို့ရန်ညွှန်ကြားထားကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၁ ရက်တွင်းက အီဘိုလာရောဂါဖြစ်ပွားနေသော နိုင်ငံများသို့ သွားရောက်ဖူးသော ခရီးသည်များ ဟုတ်မဟုတ် ခရီသည်များ၏ဗီဇာနှင့် ခရီးသွားမှတ်တမ်းများကိုစစ်ဆေးမှုပြုလုပ်ရန် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများအား အကြောင်းကြားထားသည်။

“ခရီးသည်များမှာ အီဘိုလာရောဂါကဲ့သို့ လက္ခဏာများကိုတွေ့ရှိခဲ့ယင်၊ ဒါမှမဟုတ် အဲဒီအီဘိုလာရောဂါဖြစ်ပွားနေတဲ့ နိုင်ငံ လေးနိုင်ငံကို သွားရောက်ဖူးတဲ့ ခရီးသည်ဖြစ်ကြောင်း တွေ့ရှိခဲ့ယင် သူတို့ကို လေဆိပ်မှာရှိတဲ့ဆေးဌာနဆီကို အကြောင်းကြားပေးဖို့လိုပါတယ်။ အဲဒီနောက် သူတို့ကို သီးသန့်နေရာမှာထားပြီး ဆရာဝန်တွေက စစ်ဆေးကြည့်မှာဖြစ်ပါတယ်”ဟု လေဆိပ်မှ ဆရာဝန်တစ်ဦးကပြောပြသည်။

ရောဂါစစ်ဆေးမှုတွင် ခရီးသည်၏ ကိုယ်အပူချိန်၊ အဖုအပိန့်များထွက်မှုလက္ခဏာနှင့် တခြား အီဘိုလာရောဂါလက္ခဏာများပါဝင်သည်။ လေယာဉ်ပေါ်စီးနင်းလိုက်ပါလာသည့် အဖျားရောဂါရှိ ခရီးသည်များကို ခွဲခြားသိနိုင်ဖို့ အပူရှိန်တိုင်းကိရိယာကို လေဆိပ်တွင်တပ်ဆင်ထားသော်လည်း ယခုအခါ ယင်းကိရိယာကို အသုံးမပြုတော့ပြီဖြစ်ကြောင်းသိရသည်။ အကြောင်းမှာ အာဖရိကမှ ကိုးလ်ကတ္တားသို့ တိုက်ရိုက်ပျံသန်းသော လေယာဉ်များ မရှိသောကြောင့်ဖြစ်သည်။

ကိုး=11.Aug.2014. နေ့ထုတ် The Times of India သတင်းစာမှ City airport on Ebola alert ကိုပြန်ဆိုသည်။