ဗုဒ္ဓဘာသာဝင်များ အစည်းအဝေးအတွက် ဗုဒ္ဓဂယာစေတီတော်ကြီးအား တန်ဆာဆင်ခြင်းမျာ

နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အထူးကိုယ်စားလှယ်များပါဝင်သော ဗုဒ္ဓဘာသာဝင်များ သီးသန့်အစည်းကြီးတစ်ရပ်ကျင်းပရန်ရှိသဖြင့် ဗုဒ္ဓဂယာစေတီတော်ကြီးအပါအ၀င် ဧရိယာ တစ်ခုလုံးအား တန်ဆာဆင်ခြင်းများကိုပြုလုပ်လျက်ရှိသည်။ ၄င်းနိင်ငံတကာ ဗုဒ္ဓဘာသာဝင်များ သီးသန့်အစည်းအဝေးကြီးကို လာမည့်သောကြာနေ့မှစပြီး သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးအတွက် လုပ်ဆောင်စရာကိစ္စရပ်များကို အထူးကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး၊ ပြည်ထောင်စု ခရီးသွားလုပ်ငန်းဌာနနှင့် ပြည်နယ်ခရီးသွားလုပ်ငန်းဌာနတို့က ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်များကိုပြသနိုင်ရေးအတွက် အထူးကြိုးပမ်းနေကြသည်။

ဗုဒ္ဓဂယာစေတီတော်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကလည်း နိုင်ငံခြားမှ ရောက်ရှိလာမည့်ကိုယ်စားလှယ်များအား ထူးခြားဆန်းကြယ်သော ပြဇာတ်များဖြင့် ကပြ ဖျော်ဖြေရန်အတွက် လမားလူငယ်များအား စည်းရုံးလုပ်ဆောင်လျက်ရှိသည်။

ဂယာခရိုင်တရားသူကြီး ဆန်ဂျေး ကုမာ အဂ္ဂရာဝေါလ်၏ အဆိုအရ အစီအစဉ်များအားလုံးကို ပြည့်ပြည့်စုံစုံလုပ်ဆောင်ထားပြီးဖြစ်သဖြင့်၊ ဤ ဗုဒ္ဓဘာသာဝင်များ သီးသန့်အစည်းအဝေးကြီးက အိန္ဒိယနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်ပေးပါလိမ့်မည်ဟုသူကဆိုသည်။

“ ဗုဒ္ဓဘာသာဝင်များစီတန်းလှည့်လည်ပွဲကြီးကို ကျင်းပပြီးတော့ နိုင်ငံပေါင်း ၃၃ နိုင်ငံမှတက်ရောက်လာကြတဲ့ အဲဒီ လူထုကြီးက ခရီးသွားလာရေးလုပ်ငန်းအစီအစဉ်များကို ပိုပြီး ကောင်းမွန် တိုးတက်မှုတွေ ရရှိလာအောင် အသေးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်” ဟုသူကဆိုသည်။

ဗီဟာပြည်နယ် ခရီးသွားလုပ်ငန်းနှင့် အတူပါဝင်လုပ်ကိုင်မည့် ဥတ္တရာပရာဒေ့ရှ် ခရီးသွားလုပ်ငန်းဌာနတို့က ဗုဒ္ဓဘာသာဝင်များ စီတန်းလှည်လည်ပွဲကြီးတွင် ပါဝင်မည့် ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာပြပွဲများကို သီးခြားစီ ခွဲကာပြသဖို့ကိုပါပြုလုပ်ထားကြသည်။

ဗီဟာပြည်နယ် ခရီးသွားလုပ်ငန်းဌာနမှ ၀န်ကြီး ဂျာဝိဒ် အိကဘော အန်ဆာရီက ဤသီးသန့်ဆွေးနွေးပွဲကြီးသည် ပြည်နယ်ခရီးသွားလုပ်ငန်းသမိုင်းတွင် ကဏ္ဍသစ်တစ်ခုကိုဖွင့်လှစ်ပေးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ “  အခုလို နိုင်ငံတကာက ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာဟာ ကျွန်တော်တို့ရဲ့ အလားအလာကောင်းတွေကို တင်ပြပြီး အကောင်အထည်ဖေါ်ဖို့ ကျွန်တော်တို့ ပြည်နယ်အတွက် တကယ့်အခွင့်အလန်းတစ်ခုဖြစ်ပါတယ်” ဟု ၄င်းဝန်ကြီးကဆိုသည်။

ဗုဒ္ဓဂယာရှိ ဇိမ်ခံဟိုတည်ကြီးများအားလုံးသည် နိုင်ငံခြားမှ ရောက်ရှိလာမည့် ဧည့်သည်များအား ဆွဲဆောင်နိုင်ရန်အတွက် မိမိတို့၏အစီအစည်များကို အဆင်သင့်ဖြစ်အောင်လုပ်ထားကြသည်။ ဟိုတည်များသည် မိမိတို့၏ ဧည့်သည်များကို ဧည့်ခံဖျော်ဖြေဖို့အတွက် ရိုးရာအကအစီအစဉ်များနှင့်အတူ စားကောင်းသောက်ဖွယ်ရာများကိုလည်း စီစဉ်ထားကြောင်းသိရသည်။

ဤသီးသန့်ဆွေးနွေးပွဲကြီးတွင် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ နယူးဇီလန်၊ အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့် ဟောင်ကောင်တို့မှလည်း ပါဝင်ကြမည်ဖြစ်ရာ ခရီးသွားလုပ်ငန်းကို စီစဉ်ပေးကြသော အိန္ဒိယလူမျိုးများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တကယ်စီးပွားရေးလုပ်ငန်းရှင်းများနှင့် အပြန်အလှန်တုံ့ပြန်များ ရရှိနိုင်ပြီး၊ နိုင်ငံခြားခရီးသည်များကို ဆွဲဆောင်နိုင်ဖို့အခွင့်အလန်းများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

ဧည့်သည်များက မဟာဗောဓိစေတီတော်ကြီးအားဖူးမျှော်ပြီးသောအခါ  ညနေပိုင်းတွင် ယင်းဆွေးနွေးပွဲအစီအစဉ်ကို စတင်ကျင်းပမည်ဖြစ်သည်။

Ref:  စက်တင်ဘာ ၂၅ ရက်နေ့ထုတ် Hindustan Time သတင်းစာမှ Bodh Gaya Decked up for Buddhist conclave