ဗုဒ္ဓဘာသာခရီးသွားများ အစည်းအဝေးဖွင့်လှစ်

ဗုဒ္ဓဂယာ။     ။ နိင်ငံခြားမှ ခရီးသွားလုပ်ငန်းရှင်များနှင့် ထင်ရှားသော ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များသည် ကောင်းမွန်သော အမြင်သဘောထားတစ်ရပ်ထွက်ပေါ်လာမှုကို ရှုမြင်သုံးသပ်ကာ  သုံးရက်တာ ကျင်းပပြုပ်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဝင် သီးသန့်အစည်းအဝေးကြီးတစ်ရပ်ကိုဖွင့်လှစ်ပေးလိုက်သည်။

ခရီးသွားရာတွင် ပိုမိုလွယ်ကူချော့မွေ့မှုရှိစေရန်အတွက် အိန္ဒိယအစိုးရအနေဖြင့် ဗီဇာနှင့် နိုင်ငံကူးလက်မှတ်များထုတ်ပေးမှု အစီအစဉ်များကို လွယ်လွယ်ကူကူဖြစ်အောင် ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း လုပ်ငန်းရှင်များက အိန္ဒိယအစိုးရကို ယင်းအစည်းအဝေးတွင် တောင်းဆိုလိုက်သည်။ ထို့အပြင် နီပေါနိုင်ငံရှိ လုမ္ဗိနီကို ဗုဒ္ဓနှင့်ဆက်စပ်သည့် အဓိက နေရာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ် ထားဖို့လိုအပ်ကြောင်းကိုလည်း ထည့်သွင်း တောင်းဆိုလိုက်သည်။  “   အိန္ဒိယနှင့် နီပေါလ်နိုင်ငံအတွင်းမှာရှိနေတဲ့ ခရီးသွားလုပ်ငန်းတွေ တိုးတက်အားကောင်းလာစေဖို့အတွက်  ဗုဒ္ဓဘာသာဝင်များ၏  ဘုရားဖူးသွားရောက်ရန် အဓိကဌာနများ (Buddhist Circuit) ထဲမှာ ဂေါတမဗုဒ္ဓရဲ့ မွေးဖွားရာ နေရာတစ်ခုဖြစ်တဲ့ လုမ္ဗိနီကိုပါ ထည့်သွင်းပေးဖို့ အရေးတကြီးလိုအပ်ပါတယ်၊ ဗုဒ္ဓဘာသာနဲ့ပတ်သတ်တဲ့ ခရီးသွားမြေပုံဟာ နီပေါလ်နဲ့ဘယ်လောက် ဆက်စပ်မှုရှိနိုင်သလဲဆိုတာကို  ကျွန်တော်တို့ လေ့လာနေကြပါတယ်။ မနက်ဖြန်မှာ အိန္ဒိယနိုင်ငံက ခရီးသွားလုပ်ငန်းဌာရဲ့ ထုတ်ပြန်ကြေငြာချက်ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်”..ဟု နီပေါလ်နိုင်ငံ လုမ္ဗိနိဖွံ့ဖြိုးတိုးတက်ရေး ဂေါပကအဖွဲ့မှ စေတနာဝန်းထမ်းဖြစ်သူ ဘိက္ကရမ်က ပြောဆိုသည်။

ဗုဒ္ဓဘာသာဝင်များ၏ သမိုင်းတွင် နေရာ လေးခုသည်အရေးကြီးသော နေရာဖြစ်ကြောင်း၊ ၄င်းနေရာများမှာ ဂေါတမဗုဒ္ဓ၏မွေးဖွားရာဖြစ်သော လုမ္ဗိနီအပါအ၀င်၊ သိဒ္ဓတ္ထ၏ ဘုရားအဖြစ်ကို ရောက်ရှိတော်မူရာဖြစ်သည့် ဗုဒ္ဓဂယာ၊ သဗ္ဗညုတဥာဏ်ကို ရရှိတော်မူပြီးနောက်  ဗုဒ္ဓသည် ပထမဆုံးကြွရောက်တော်မူသည့် ရာဇဂြိုဟ်၊ ထို့နောက် တရားဦးဒေသနာကို ဟောတော်မူရာဖြစ်သည့် မိဂဒါဝုန်တို့ဖြစ်ကြသည်ဟု သူကဆိုသည်။

“ ဒီသီးသန့်ဆွေးနွေးပွဲကြီက ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းကို အခန်းကဏ္ဍသစ်တစ်ခုအဖြစ် ပေါင်းထည့်ပေးပါလိမ့်မယ်၊ ပြီးတော့ မဝေးလှတဲ့အနာဂတ်မှာ အရှေ့တိုင်းနဲ့ အနောက်တိုင်းကို ဆက်စပ်ပေးပါလိမ့်မယ်” ဟု အမေရိကန်ပြည်ထောင်စု Travel Age West မှ အလုပ်အမှုဆောင် အယ်ဒီတာ ဖြစ်သူ မိုင်ဒီပိုဒါက သူမ၏ထင်မြင်ယူဆချက်ကို ပြောပြသည်။

“ ဒီဆွေးနွေးပွဲကြီးက အနောက်တိုင်းကလူတွေကို လွန်ခဲ့တဲ့ နှစ် ၂၅၀၀ကျော်က သမိုင်းကို ပြန်လှည့်အောင် အခွင့်အရေးတစ်ခုအနေနဲ့ ဖန်တီးပေးတဲ့နေရာမှာ အရေးပါတဲ့ သော့ချက်တစ်ခုဖြစ်ပါလိမ့်မယ်၊ ကျမတို့ဟာ ဒီမှာ အကြောင်းအရာတော်တော်များများကို တွေ့မြင်ရပါတယ်၊  ဒီမှာရှိနေတဲ့ အဲဒီအကြောင်းအရာအားလုံးတွေဟာ အိန္ဒိယနိုင်ငံရဲ့ ဘာသာရေးဆိုင်ရာအမွေအနှစ်တွေကို နိုင်ငံရပ်ခြား တိုင်းတစ်ပါးက ကမ္ဘာလှည့်ခရီးသည်တွေကို ပြသဖို့အတွက် တကယ် အလားအလာကောင်းတွေဖြစ်ပါတယ်” ဟူသူမကပြောပြသည်။

မိုင်ဒီက ဗီဟာပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် မြင်ကွင်းများကို လှည့်လည်ကြည့်ရှုစဉ်အတွင်း တစ်ခုတည်းသော စင်္ကြံတွင် လျှောက်သွားနေကြသော ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေသူများအနေဖြင့် အနောက်တိုင်းမှ ခရီးသွားပုဂ္ဂိုလ်များအကြား နိုးကြားမှုရှိလာအောင် ဖန်းတီးပေးလိုက်တာဟာ အိန္ဒိယအစိုးရ၏ ပဏာမခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း ဟိန္ဒူစတန်တိုင်း သတင်းဌာနကို ပြောပြသည်။

ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ သီရီလင်္ကာနိုင်ငံ နှင့် တစ်ခြားနိုင်ငံများကလည်း အလားတူ ရူမြင်သုံးသပ်ကြသည်။

အံ့သြစရာကောင်းသောမြင်ကွင်းများကို တွေ့မြင်ရပြီးနောက် ပြင်သစ်နိုင်ငံမှ ခရီးသွားဂျာနယ်လစ်တစ်ဦးဖြစ်သူ ဒက်ချဟန် မာရီယန်က ဤနေရာများသည် မြတ်စွာဘုရားနှင့်ပတ်သည့်နေရာဒေသများကိုလေ့လာကြသည့် နိုင်ငံခြားမှ ခရီးသည်များအား စိတ်ဝင်စားမှုကိုတကယ် ဖြစ်စေသည် ဟု ပြောပြသည်။

စောစောပိုင်းတွင် နိုင်ငံခြားမှတက်ရောက်လာကြသည့် ကိုယ်စားလှယ် ၁၃၁ ဦးအပါအ၀င် ဖိတ်ကြားထားသူများအားလုံးသည် ပေ ၈၀ မြင့်သည့် မြတ်ဗုဒ္ဓရုပ်ပွားတော်အားလည်းကောင်း၊ သုဇာတာ၏ အိမ်နေရာနှင့် မဟာဗောဓိစေတီတော်ကြီးအားလည်းကောင်း လေ့လာဖူးမြော်ကြသည်။

ဗီဟာပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် ဧည့်သည်တော်များအား တာရေဂါ ဘုန်းတော်ကြီးကျောင်းတွင်  ယဉ်ကျေးမှုအကပဒေသာများဖြင့် ကပြဖျော်ဖြေပေးကာ ထိုနောက် ကာဂျူပ နိုင်ငံတကာ မိုဟန်ဂေါပက အဖွဲ့မှ ညနေစာများဖြင့် ဧည့်ခံကျွေးမွေးကြသည်။

Ref:  စက်တင်ဘာ ၂၇ ရက်နေ့ထုတ်၊ Hindustan Times သတင်းစာမှ Anil Kumar Ojha ၏ Buddhist Tourism Conclave Opens.