ဦးရန်ချန်းယုံ+ဒေါ်ရန်စိုက်ဖိန်း မိသားစုမှ ဗောဓိနိဝါသ ကျောင်းဆောင်အတွက် ရူပီးငွေ ၃၃၀၀၀ လှူ ဒါန်း

အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ မဟာဗောဓိပရဟိမြန်မာကျောင်းတိုက်သည် မြန်မာနိုင်ငံမှ ဘုရားဖူးခရီးသည်များ၊ ပညာတော်သင် လူပုဂ္ဂိုလ်များနှင့် ရဟန်းသံဃာများ၊ ကျန်းမာရေး လာရောက်စစ်ဆေးသူများ ၀င်ထွက်နားခိုရာ ကျောင်းတော်ကြီး တစ်ကျောင်းဖြစ်သည်။ ၄င်းပြင် အိန္ဒိယနိုင်ငံ အရှေ့-မြောက်ဖျား ဒေသမှ ကျန်းမာရေး လာရောက် ကုသသူများ၊ ဘုရားဖူးများ နားခိုရာ နေရာတစ်ခုလည်း ဖြစ်သည်။ ယခုအခါ နေရာထိုင်ခင်း အခက်အခဲရှိနေပါသဖြင မဖြစ်မနေ ဗောဓိနိဝါသ အမည်ရှိ ကျောင်းဆောင်ကြီးကို ဆောက်လုပ်နေရခြင်းဖြစ်သည်။ ရာတော် ဒေါက်တာ နန္ဒောဘာသ ဦးစီးတည်ထောင်လျက် ရှိသော ဗောဓိသုခပရဟိတမြန်မာကျောင်းတိုက်အတွင်းဤ ဆောက်လုပ်ဆဲ ဗောဓိနိဝါသ (၄) ထပ် ကျောင်းဆောင်တော်ကြီးအတွက် ရှမ်းပြည်နယ်၊ မူဆယ်မြို့နေ ဦးရန်ချန်းယုံ+ဒေါ်ရန်စိုက်ဖိန်းမိသားစုမှ အမေရိကန် ဒေါ်လာ ၅၀၀ တန်ဖိုးရှိ ရူပီးငွေ ၃၃၀၀၀ တိတိကို ၀၄-၀၁-၂၀၁၇ နေ့ ဆက်ကပ်လှူ ဒါန်းသွားပါသဖြင့် ၀မ်းမြောက် ၀မ်းသာ သာဓုခေါ်ဆိုအပ်ပါသည်။

မတ္တာဖြင့်

ဆရာတော်