မြန်မာကျောင်းသားများ ၀မ်းမြောက်စရာသတင်း

School1

Bodhisukha School

(An International English Medium School)

Affiliated to CBSE.(အိန္ဒိယ ဗဟိုအစိုးရ အသိအမှတ်ပြု စာသင်ကျောင်း)

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတ-မြန်မာကျောင်းတိုက် ဆရာတော် ဒေါက်တာ နန္ဒောဘာသမှ ဦးဆောင်ဖွင့်လှစ်ထားရှိသော Bodhisukha School (International English Medium School) မှ လာမည့် စာသင်နှစ် (၂၀၁၇-၂၀၁၈)အတွက် ကျောင်းသားသစ်များ စတင်လက်ခံနေပြီးဖြစ်ပါ သည်။ မြန်မာနိုင်ငံမှဆက်သွယ် တောင်းဆိုလာသည့် ကျောင်းသားတချို့ ရှိလာပြီးဖြစ်သဖြင့် ကျောင်းအပ် လိုသည့် ကျောင်းသားမိဘများအနေဖြင့် အောက်ပါ အစီအစဉ်အတိုင်း အချိန်ကိုက် လျှောက်ထား နိုင်ပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

ကျောင်းလုပ်ငန်းခွင် အစီအစဉ်များ

(က) ကျောင်းသား အပ်နှံ၊ လက်ခံခြင်း

မြန်မာကျောင်းသားများကို အလယ်တန်းအဆင့်မှ စတင်လက်ခံသွားမည်ဖြစ်ရာ – ၅ – တန်းတွင် တက်ရောက်မည့် ကျောင်းသားသည် မြန်မာနိုင်ငံမှ လေးတန်းကို မြန်မာမီဒီယာ (သို့မဟုတ်) အင်္ဂလိပ်မီဒီယာဖြင့် အောင်မြင်ခဲ့သူဖြစ်ရမည်။ ၆ -တန်းမှ ၉ တန်းအထိတွင် တက်ရောက်မည့်သူများသည် (၅၊ ၆၊ ၇၊ ၈ – တန်းများကို) မြန်မာနိုင်ငံမှ အင်္ဂလိပ်မီဒီယာဖြင့် အောင်မြင်ခဲ့သူဖြစ်ရန်လိုအပ်ပါသည်။ အွင်လိုင်းမှ တိုက်ရိုက် အင်တာဗျူးမည် ဖြစ်ပြီး၊ အင်တာဗျူး အောင်မြင်သော ကျောင်းသားများကိုသာ ကျောင်းသားသစ်အဖြစ် တရားဝင် လက်ခံမည်ဖြစ်ပါသည်။ ယခုနှစ်အတွက် ကျောင်းသူများကို လက်ခံရန် အဆင်သင့် မဖြစ်သေး၍၊ အမျိုးသမီးကျောင်းသူများအား နောင်လာမည့် စာသင်နှစ်များတွင်မှ လက်ခံကောင်း လက်ခံနိုင်မည်ဖြစ်ပါသည်။ ဇွန်လ (၁) ရက်ကို နောက်ဆုံးထား၍၊ ကျောင်းသား၏ မိဘအုပ်ထိမ်းသူကိုယ်တိုင် လာရောက်အပ်နှံရန် လိုအပ်ပါသည်။

(ခ) လိုအပ်သော စာရွက်စာတမ်းများ

(၁) သက်ဆိုင်ရာ ကျောင်းထွက်လက်မှတ်၊

(၂) ဆေးစစ် လက်မှတ်များ

(၃) ကျောင်းသားဗီဇာ (Student Visa)

မှတ်ချက် ။ ။တရားဝင် လိုအပ်သည့် စာရွက်စာတမ်းများအားလုံးကို အပြည့်အစုံ၊ တပါတည်း ယူဆောင်လာရန် လိုအပ်ပါသည်။ ကျောင်းသားဗီဇာ ရရှိရေးအတွက် လိုအပ်သည့်   စာရွက်စာတမ်းများကို Bodhi Sukha, India မှ တင်ကူးပေးပို့မည်ဖြစ်ပါသည်။ အချက်အလက် အသေးစိတ်ကို ဖုန်းနှင့် အွင်လိုင်းမှ ဆက်သွယ်ပြီး မေးမြန်း၊ ဆွေးနွေးနိုင်ပါသည် ။

 

(ဂ) ကျောင်းလခ သတ်မှတ်နှုန်း

၅ တန်းနှင့် ၆ တန်း ကျောင်းသားများအတွက် ကျောင်းဝင်ကြေးများ

၁။ ကျောင်းဝင်ကြေး     – ဒေါ်လာ ၅၀၀ (ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ် အပါအ၀င်)။

၂။ လစဉ်ကြေး              – ဒေါ်လာ ၃၀၀ ။

 

၇ တန်း၊ ၈ တန်းနှင့် ၉ တန်း ကျောင်းသားများအတွက် ကျောင်းဝင်ကြေးများ

၁။ ကျောင်းဝင်ကြေး     ဒေါ်လာ ၆၀၀ ((ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ် အားလုံးပါဝင်)

၂။ လစဉ်ကြေး              ဒေါ်လာ ၃၅၀

Bodhisukha-School1

(ဂ) ကျောင်းသားတိုင်း လိုက်နာရမည့် စည်းကမ်းချက်များ

၁။ ။ ဗောဓိသုခ၏ ကျောင်းသားတိုင်းသည် သတ်မှတ်အချိန်ဇယားအတိုင်း တိကျစွာ လိုက်နာလှုပ်ရှားရမည်။

၂။   ။ ဆရာနှင့် တပည့်ဆက်ဆံရေး၊ ကျောင်းသားချင်း ဆက်ဆံရေးနှင့် တခြားဆက်ဆံရသည့် လူ့ပတ်ဝန်းကျင်တိုင်းနှင့် လိုက်လျောညီထွေရှိ၍၊ ခေတ်မီပြီး၊ ယဉ်ကျေးပျူငှါသော ကျောင်းသားကောင်းတစ်ဦးဖြစ်စေရန် မိမိကိုယ်တိုင် ဆင်ခြင်နေထိုင်တတ်ရမည်။ လိုအပ်ပါက သက်ဆိုင်ရာ ဆရာသမားနှင့် တာဝန်ရှိသူများ၏ လမ်းညွှန်ပြသပေးမှုကို အလေးထားခံယူပြီး၊ အပြုသဘောဖြင့် လက်ခံ၊ ပြင်ဆင်နိုင်သူ ဖြစ်ရပါမည်။

၃။     ။ ခိုးဝှက်ခြင်း၊ သေရည်သောက်စားခြင်း၊ မူးယစ်ဆေးဝါး တစ်ခုခု သုံးစွဲခြင်း၊ ခိုက်ရန်ဖြစ်ပွါးခြင်းနှင့် ကျောင်းသားချင်း တင်စီး အနိုင်ကျင့်ရာကျသည့် အပြုအမူများ မရှိစေရ။ အကယ်၍ ထိုသို့ရှိလာခဲ့ပါက သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ ၏ အဆုံးအဖြတ်အတိုင်း လိုက်နာရမည်။

၎။   ။ မိမိသဘော၊ ဆန္ဒအလျောက် ကျောင်းပရိဝုဏ်အပြင်ဖက်သို့ သွားလာထွက်ဝင်ခြင်း မရှိစေရ။ အပြင်ထွက်လိုသည့် အကြောင်းရှိက ကြီးကြပ်ရေးအဖွဲ့ ၏ ခွင့်ပြုချက်ကို ရယူပြီးမှ ထွက်ရမည်။

၅။       ။ ကျောင်းမှ အခမဲ့ ထုတ်လွှင့်ပေးထားသည့် ၀ိုင်ဖိုင် အင်တာနက်ကို သတ်မှတ်ချိန်အတွင်း(တစ်နေ့ တစ်နာရီ) သာ သုံးစွဲနိုင်သည်။ စာသင်ကျောင်း ဧရိယာထဲတွင် ဖုန်းသုံးစွဲခြင်း လုံးဝမရှိစေရ။

၆။     ။ တနင်္ဂနွေနေ့နှင့် တခြား ကျောင်းပိတ်ရက်များတွင် မိမိအားနားချိန်နှင့် သင့်တော်သည့် အချိန်တွင်

တီဗွီကြည့်ရှုနိုင်သည်။

 

(ဃ) သက်ဆိုင်ရာ မိဘ အုပ်ထိမ်းသူများအတွက် စည်းမျည်း

၁ ။   ။ ကျောင်းသားတစ်ဦးချင်း၏ ပညာရေးအထမြောက်မှုအတွက် ကျောင်းတွင် အဓိကတာဝန်ရှိပါသည်။ သို့ပါ၍ သက်ဆိုင်သူ ကျောင်းသားမိဘအနေဖြင့် မိမိကျောင်းသား၏ ပညာသင်ယူမှု လုပ်ငန်းစဉ်ထဲတွင် ၀င်ရောက်စွက်ဖက်ခြင်း အလျဉ်းမရှိစေရ။ (ဥပမာ – ဖုန်းခဏခဏဆက်ပြီး စိုးရိမ်ကြောင်း ပြသခြင်း၊ စာဖတ်ပါသားရေ.. စာဖတ်ပါ သမီးရေဟု လိုအပ်သည်ထက် ပိုမိုဖိအားပေးခြင်း)။ (ကျောင်းသားက ပုံမှန် စာမလိုက်နာနိုင်ခြင်း၊ စည်းကမ်း မလိုက်နာတတ်ခြင်းများ ရှိလာ၍၊ လိုအပ်ပါက သက်ဆိုင်ရာ မိဘအုပ်ထိမ်းသူသို့ ပုံမှန် Report အပြင်၊ အထူးဆက်သွယ်၍ အသိပေးညှိနှိုင်းခြင်းများ ပြုလုပ်မည်သာဖြစ်ပါသည်)။

၂ ။   ။ ကျောင်းသားတစ်ဦး သာမန်ကျန်းမာရေး ဖောက်ပြန်လျှင် ကျောင်းက အတိုင်းအတာတစ်ခုအထိ တာဝန်ယူ ကုသပေးပါမည်။ အထူးရောဂါတစ်ရပ်ဖြင့် ဆရာဝန်ပြသရခြင်း၊ ဆေးရုံတင်ကုသရခြင်းများ ရှိလာပါက ကျောင်းသားမိဘမှ ကုန်ကျခံရမည် ဖြစ်သည်။

 

(င) နေ့စဉ်အချိန်ဇယား။

ကျောင်းသားတိုင်းသည် ကျောင်းမှ ဆွဲထားသည့် တစ်နေ့တာအချိန်ဇယားအတိုင်း လိုက်နာ နေထိုင်ရမည်ဖြစ်ပါသည်။

 

(စ) အစားအသောက်။

ကျောင်းသားများအား အာဟာရပြည့်ဝသော အစားအစာများကို နေ့စဉ် နံနက်စာ၊ နေ့လည်စာနှင့် ညနေစာ အချိန်မှန် ကျွေးမွေးပါမည်။ ကျောင်းသားများအား ကျွေးမွေးမည့် အစားအစာများ ချက်ပြုတ်၊ စီစဉ်ရာတွင် ဟင်းချိုမှုန့်၊ ကြက်သားမှုန့်၊ ပြန်ကြော်ဆီကဲ့သို့သော် အဆိပ်အတောက်နှင့် အန္တရာယ်တစုံတရာ ဖြစ်စေမည့် အရာမှန်သမျှ လုံးဝသုံးစွဲမည် မဟုတ်ပါ။

 

(ဆ) အားရက်များ

Bodhisukha School (International English Medium School) သည် အိန္ဒိယ ဗဟိုအစိုးရ အသိအမှတ်ပြုခံ စာသင်ကျောင်းဖြစ်ဖြစ်၍၊ ယင်း၏ ကျောင်းခေါ်ရက်၊ အားလပ်ရက်များမှာ အစိုးရသတ်မှတ်ချက်အတိုင်း ဖြစ်သည်။ မြန်မာကျောင်းသားများအတွက် ဇွန်လ ၁ ရက်နေ့တွင် ကာလတက္တားသို့ ရောက်ရှိပြီး ဖြစ်ရပါမည်။

Educational-trip1

(ဇ) ပျော်ရွှင်ဖွယ် အစီစဉ်များ။

ကျောင်းသားတိုင်း ကျောင်းနေပျော်၍ စာတော်စေရမည်ဟု ခံယူထားသည့် ဗောဓိသုခ၏ စာသင်ခန်းများထဲတွင်ပင် စာသင်ရင်း ပျော်ရွှင်တက်ကြွမှု အပြည့်အ၀ရရှိစေရန် အတတ်နိုင်ဆုံး စီစဉ်ထားရှိပြီးဖြစ်ပါသည်။ ထို့ပြင်လည်း ထင်ရှားသော လူထုအနားယူရာ နေရာများ၊ သမိုင်းတန်ဖိုးကြီးသော နေရာများနှင့် ဒေသထဲမှ ပညာရေး လေ့လာစရာ နေရာများ (ပြတိုက်၊ စာကြည့်တိုက်၊ တက္ကသိုလ်) စသည်တို့သို့ ပညာရေးလေ့လာရေးနှင့် အပျော်ခရီးများ ထွက်လေ့ရှိပါသည်။ ကျောင်းထဲတွင်လည်း –

– ကျောင်းထူထောင်သည့် နှစ်ပတ်လည်ပွဲတော်၊

– ဒီဇင်္ဘာ အားကစားရာသီ ကျောင်းသားအားကစားပွဲတော်၊

– စာတော်၍ လူရည်ချွန်အဆင့် ရွေးချယ်ခံရပါက အိန္ဒိယအနှံ့ မှ ထင်ရှားသော နေရာများသို့ ပညာရေး လေ့လာရေး ခရီးထွက်ပေးခြင်းများ ရှိပါသည်။

 

(ဈ) မိခင်ဘာသာစကား အထောက်အကူပြု အစီစဉ်။

ဗောဓိသုခ စကူးလ်သည် အင်္ဂလိပ်မီဒီယာ စာသင်ကျောင်းဖြစ်သော်လည်း၊ သက်ဆိုင်ရာ မိခင်ဘာသာစကားနှင့် စာပေသည် ကျောင်းသားတစ်ဦး စိတ်ဓါတ်ဖွံ့ဖြိုးပြီး၊ အချိန်နှင့်တပြေးညီ အသိဥာဏ်တိုးတက်ရေးအတွက် မရှိမဖြစ်အလွန်အရေးပါသော အခန်းကဏ္ဍတွင်ရှိသည်ဟု သဘာဝကျကျ ရှုမြင်-ခံယူသည်။ မိမိတို့ကျောင်းတွင် တက်ရောက်လာသည့် ကျောင်းသားများအနေဖြင့်လည်း လက်တွေ့ဖြတ်သန်းမှုအရ ထိုအချက်ကို သိမြင်နားလည်၊ ခံယူကြမည်ဟု ယုံကြည်သည်။ ကျောင်းသားတစ်ဦးချင်း၏ ဆန္ဒဖြင့် စိတ်ကြိုက်ရွေးနိုင်မည့် ဤဘာသာရပ် သင်တန်းတွင်ပါဝင်လိုက ပါဝင်တက်ရောက်နိုင်၍၊ မလိုအပ်သူအတွက် မတက်ရောက်ပဲလည်း နေနိုင်ပါသည်။ ဤအစီစဉ်အရ လောလောဆည်တွင် မြန်မာစာနှင့် တရုတ်ဘာသာ တို့ကိုအဆင့်မီ သင်ပြပေးနိုင်ရန် စီစဉ်ထားရှိပါသည်။

 

(ည) ကျောင်းသားတစ်ဦးချင်းစီအတွက် အနာဂါတ် ပန်းတိုင်။

Bodhisukha School မှ ၁၂ တန်း၊ (Higher Secondary Certificate) အောင်မြင်သွားသောအခါ အိန္ဒိယနိုင်ငံ တက္ကသိုလ် အသီးသီးတွင် Engineering, bio-technology, marine engineering, medical, business management, accountancy, BTech, BCA, MCA, MBA, BBA စသည့် မိမိတို့ စိတ်ကြိုက်ဘာသာရပ်များကို ဆက်လက်သင်ယူခွင့် ရမည်ဖြစ်ပါသည်။ ထိုပြင်လည်း မိမိဆန္ဒနှင့် အခြေနေအရ ဗြိတိန်၊ အမေရိက၊ သြစတြေလီယား၊ ကနေဒါ၊ နယူးဇီလန် စသည့် နိုင်ငံများသို့ သွားရောက်ပြီး၊ အဆင့်မြင့် ဘွဲ့လွန် ပညာရပ်များကို ဆက်လက်ဆည်းပူးနိုင်အောင် အခြေခံကောင်းရှိမှု (= Confirm Plan)နှင့် တရားဝင်ဖြစ်မှု ( =Legitimacy) ရှိပြီးဖြစ်သဖြင့် မိမိတို့ Bodhisukha School ၏ တာဝန်ရှိ ပုဂ္ဂိုလ်များမှ Free Consultancy လုပ်ဆောင် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ပညာသင်ယူစဉ် ကာလတစ်လျှောက်လုံးတွင်လည်း DMIT Data Based System ဖြင့် Carrier Guidance (အနာဂါတ်ပန်းတိုင် တည်ဆောက်မှု) ကို ကျောင်းသားတစ်ဦးချင်၏ စိတ်ပါဝင်စားမှု ပညာရပ် အလိုက် ရွေးချယ်သတ်မှတ်၍ ပို့ချမည်ဖြစ်သဖြင့် Bodhisukha School ပညာရပ်ဝန်းတွင် ပါဝင်တက်ရောက် ဆည်းပူးမည့် ကျောင်းသားတစ်ဦးချင်းစီ၏ အနာဂါတ်ပန်းတိုင်းမှာ အလွန် အားရဖွယ်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

ဆက်သွယ်ရန်-

ဆရာတော် (ကိုးလ်ကတ္တား)  ၀၀၉၁-၉၈၃၀၀၅၃၉ ၅၇

ကိုဇော်မင်းထွန်း (ရန်ကုန်) ၀၉ ၄၃၀၈၈၆၆၇

ဒေါ်လှမေ (လွိုင်ကော်) ၀၉ ၅၆၀၀၂၂၃