ဝိဟာရဒါနနှင့် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

လေယာဉ်မှူးကြီး ဒေါက်တာ စိုးဟန် (Indigo Airlines) + ဒေါ်ယဉ်ယဉ်ထွန်း (ကထိက MMMC) ၊ သား မောင်ဝေဖြိုးဟန် Grade IX, Bodhisukha School (Kolkata) ၊ သမီး မဖူးပွင့်ဟန် Grade V, TTC, Yangon, မိသားစုမှ

ကွယ်လွန်သူ ကျေးဇူးရှင် ဖခင်ကြီး ဦးဦးမောင်၊ မိခင်ကြီး ဒေါ်သိန်းနု (၇)နှစ်ပြည့် အား ရည်စူး၍ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ ဗောဓိသုခပရဟိတကျောင်းတိုက်အတွင်း ဆောက်လုပ်ဆဲ ဗောဓိနိဝါသ (၄) ထပ် ကျောင်းဆောင်ကြီးတွင် ၁၅ ပေ ၁၇ ပေ ကျယ် အခန်းတစ်ခန်းအတွက်

အလှူငွေ US $ 5000 နှင့် ကျောင်းတိုက်အတွင်း ၀ါဆိုတော်မူသော သံဃာတော် အရှင်မြတ်တို့အား နေ့ဆွမ်း အာဟာရနှင့် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပါသည်။

အားလုံး သာဓု အနုမောဒနာပြုနိုင်ကြပါစေ။

၁၇-၀၇-၂၀၂၁