Author Archive for Mahabodhigaya

မွေးနေ့ အလှူတော် မင်္ဂလာ

Uncategorized | Thursday, September 23, 2021 at 3:57 pm
  • အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်းတိုက်၌ ၀ါဆိုဝါကပ်တော်မူသော သံဃာတော် အရှင်မြတ်များအား

    ရန်ကုန်မြို့၊ အမှတ် (၆၁)၊ အောင်သိဒ္ဓိလမ်း၊ မရမ်းကုန်းမြို့နယ်နေ

    ဒေါ်သန်းသန်းထွေးမှ အရုဏ်ဆွမ်းနှင့် သံဃာတော်များ သင်္ကန်းနှင့် သံဃာ့အသုံးအဆောင်များ လျှော်ဖွပ်နိုင်ရန်အတွက် အ၀တ်လျှော်စက်တစ်လုံးကို

    (၆၂) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် လှူဒါန်းပါသည်။

    အလှူရှင် မိသားစုနှင့် ဓမ္မမိတ်ဆွေများအားလုံး Read more >>>

  • နေ့ဆွမ်းနှင့် ၀ါဆိုသင်္ကန်းကပ် အလှူတော်

    Uncategorized | Friday, July 23, 2021 at 9:48 am
  • ဦးမြင့်စိုး (ကောင်စစ်ဝန်ချုပ်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကိုးလ်ကတ္တားမြို့) ဇနီး ဒေါ်ရီရီနိုင်၊ သား ကိုသီဟအောင် မိသားစုမှ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းတိုက်အတွင်း ၀ါဆို ၀ါကပ်တော်မူသော သံဃာတော် အရှင်မြတ်တို့အား နေ့ဆွမ်းနှင့် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပါသည်။

    အလှူရှင် မိသားစုနှင့် ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး သာဓု အကြိမ်ကြိမ် ခေါ်ဆိုနိုင်ကြပါစေ။

    ၁၃၈၃ ခုနှစ်၊ ၀ါဆိုလပြည့်၊ Read more >>>

  • ၀ိဟာရဒါနနှင့် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

    Uncategorized | Sunday, July 18, 2021 at 9:07 am
  • လေယာဉ်မှူးကြီး ဒေါက်တာ စိုးဟန် (Indigo Airlines) + ဒေါ်ယဉ်ယဉ်ထွန်း (ကထိက MMMC) ၊ သား မောင်ဝေဖြိုးဟန် Grade IX, Bodhisukha School (Kolkata) ၊ သမီး မဖူးပွင့်ဟန် Grade V, TTC, Yangon, မိသားစုမှ

    ကွယ်လွန်သူ ကျေးဇူးရှင် ဖခင်ကြီး ဦးဦးမောင်၊ မိခင်ကြီး ဒေါ်သိန်းနု (၇)နှစ်ပြည့် အား ရည်စူး၍ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ ဗောဓိသုခပရဟိတကျောင်းတိုက်အတွင်း ဆောက်လုပ်ဆဲ ဗောဓိနိဝါသ (၄) ထပ် Read more >>>

  • ဦးရန်ချန်းယုံ+ဒေါ်ရန်စိုက်ဖိန်း မိသားစုမှ ဗောဓိနိဝါသ ကျောင်းဆောင်အတွက် ရူပီးငွေ ၃၃၀၀၀ လှူ ဒါန်း

    Uncategorized | Sunday, January 8, 2017 at 1:48 pm
  • အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ရှိ မဟာဗောဓိပရဟိမြန်မာကျောင်းတိုက်သည် မြန်မာနိုင်ငံမှ ဘုရားဖူးခရီးသည်များ၊ ပညာတော်သင် လူပုဂ္ဂိုလ်များနှင့် ရဟန်းသံဃာများ၊ ကျန်းမာရေး လာရောက်စစ်ဆေးသူများ ၀င်ထွက်နားခိုရာ ကျောင်းတော်ကြီး တစ်ကျောင်းဖြစ်သည်။ ၄င်းပြင် အိန္ဒိယနိုင်ငံ အရှေ့-မြောက်ဖျား ဒေသမှ ကျန်းမာရေး လာရောက် ကုသသူများ၊ ဘုရားဖူးများ နားခိုရာ နေရာတစ်ခုလည်း ဖြစ်သည်။ ယခုအခါ နေရာထိုင်ခင်း အခက်အခဲရှိနေပါသဖြင မဖြစ်မနေ ဗောဓိနိဝါသ အမည်ရှိ ကျောင်းဆောင်ကြီးကို ဆောက်လုပ်နေရခြင်းဖြစ်သည်။ ရာတော် ဒေါက်တာ နန္ဒောဘာသ ဦးစီးတည်ထောင်လျက် ရှိသော ဗောဓိသုခပရဟိတမြန်မာကျောင်းတိုက်အတွင်းဤ ဆောက်လုပ်ဆဲ ဗောဓိနိဝါသ (၄) ထပ် ကျောင်းဆောင်တော်ကြီးအတွက် ရှမ်းပြည်နယ်၊ မူဆယ်မြို့နေ ဦးရန်ချန်းယုံ+ဒေါ်ရန်စိုက်ဖိန်းမိသားစုမှ အမေရိကန် ဒေါ်လာ ၅၀၀ တန်ဖိုးရှိ Read more >>>

  • မဟာဗောဓိ ပရဟိတကျောင်းတိုက် (ဗုဒ္ဓဂယာ) ၌ ဗီယက်နမ်လူမျိုး နာမည်ကျော် ရုပ်ရှင်မင်းသား- ဒါရိုက်တာတစ်ဦး ထေရ၀ါဒီရဟန်းအဖြစ် ခံယူလိုက်ခြင်း

    Uncategorized | Sunday, April 10, 2016 at 7:35 am
  • ယခုနှစ် ဗုဒ္ဓဂယာမှာ ဘုရားဖူးရာသီကုန်ဆုံးခါနီးဖြစ်လာသည့်တိုင် ဘုရားဖူးနှင့် ခရီးသည်တို့ဖြင့် ဝေစည်နေဆဲ၊ ပြည်တွင်း ပြည်ပမှ လူတွေ ခြေချင်းလိမ်နေကြဆဲ တွေ့ရသည်။ ဗုဒ္ဓဘာသာတို့၏ ဘုရားဖူးဓလေ့မှာ ယနေ့ယခုမှ ပေါ်ပေါက်လာခြင်းမဟုတ်သလို၊ သမိုင်းတခေတ်တွင် စတင်ခဲ့ခြင်းလည်း မဟုတ်ချေ။ စင်စစ် ဘုရားဖူးဓလေ့သည် ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကတည်းက စခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သက်တော်ထင်ရှား ဘုရားရှင့်ရှေးတော်မှောက်သို့ ဘုရားဖူးလာရောက်သူများမှာ အကြောင်းအမျိုးမျိုးနှင့်ဖြစ်ကြ၏။ တချို့ က ၀ါမဆိုမီလေးတွင် ၀ါတွင်းအားထုတ်ရန်အတွက် မိမိနှင့်သင့်တော်မည့် ကမ္မဋ္ဌာန်းကို ဘုရားရှင်ထံမှ တောင်းခံရန်ဖြစ်သည်။ တချို့ က ၀ါလကင်းလွတ်သီတင်းကျွတ်တွင် မိမိတို့ ဖြတ်သန်းခဲ့ရသော ၀ါတွင်းကာလ တရားအားထုတ်မှုအခြေနေနှင့် လက်ငင်းအခက်အခဲကို လျှောက်တင်ရန်ဖြစ်သည်။ တရားထူးရခဲ့ပြီးသူများက နိဗ္ဗာနသုခ..၀ိမုတ္တိရသနှင့် ပတ်သက်၍ မိမိတို့ Read more >>>

  • မဟာဗောဓိသဒ္ဓမ္မဇောတိကာသိမ်တော်ကြီး ပန္နက်တင် မင်္ဂလာအခမ်းအနား

    Uncategorized | Wednesday, February 24, 2016 at 5:30 pm
  • အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ ဘုရားအဆူဆူတော် ပွင့်တော်မူရာမြေမြတ်မဟာ တွင် ကမ္ဘာ့သာသနာပြုအကျော် သီတဂူဆရာတော် ဒေါက်တာဥာဏိသာရ ၏ သြဝါဒကိုခံယူလျှက် ဒေါက်တာနန္ဒောဘာသ ဦးစီးပြီး မဟာဗောဓိပရဟိတ မြန်မာကျောင်းတိုက်အတွင်း မဟာဗောဓိသဒ္ဒမ္မဇောတိကာ သိမ်တော်ကြီး ပန္နက်တင် အုတ်မြစ်စီမင်္ဂလာ အခမ်းအနားတွင် ဆရာတော်သံဃာတော်များမှ မင်္ဂလာပန္နက်တင်ခြင်းနှင့်အုတ်မြစ်စီပြုလုပ်နေကြပုံများကို တင်ပြအပ်ပါသည်။မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်၊ မဟာဗောဓိသဒ္ဓမ္မဇောတိကာ သိမ်တော်ကြီး ပန္နက်တင်၊ အုတ်မြစ်စီမင်္ဂလာ အခမ်းအနား ကို ၁-၆-၂၀၁၅ နေ့ (နယုန်လပြည့်) နံနက် ၆.၃၀ နာရီအချိန်တွင် ပြုလုပ်သည်။ အခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ပရဒေသီသံဃာ့အဖွဲ့ ဥက္ကဌ၊ မြန်မာကျောင်းဆရာတော်နှင့် နာလန္ဒာ တရုတ်မြန်မာကျောင်းဆရာတော်၊ ဗုဒ္ဓဂယာဒေသရှိ မြန်မာကျောင်းဆရာတော်များနှင့် စာသင်သံဃာတော်များ စုစုပေါင်း အပါး ၃၀ ခန့် ကြွရောက်ချီးမြောက်သည်။ ရှေးဦးစွာ ပရဒေသီသံဃာ့အဖွဲ့ Read more >>>

  • ကျောင်းအလှူ ရေစက်ချပွဲ MRTV 4 သတင်း

    Uncategorized | Wednesday, February 24, 2016 at 5:08 pm
  • စေတနာရှင်အပေါင်းတို့- အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးလျက် မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်ကြီးကို ထူထောင်လျက်ရှိရာ ယခုအခါ ဗောဓိရုက္ခမူလ အမည်ရှိ (၅) ထပ်ကျောင်းဆောင်တော်ကြီး ၂ ထပ် ပြီးစီးသွားပြီးဖြစ်ပါသည်။ ၄င်းကျောင်းဆောင်တော်ကြီး (၂) ထပ်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ကျောင်းလွှတ်ပူဇာ ရေစက်ချမင်္ဂလာနှင့် သဒ္ဓမ္မဇောတိကာသိမ်တော်ကြီး သိမ်သမုတ်ပွဲ အခမ်းအနားကို ၅-၁၂-၂၀၁၄ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ၄င်းအခမ်းအနား၌ ကမ္ဘာကျော် ဓမ္မကထိက၊ ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် မထေရ်မြတ်ကြီးမှ ရဟန်းဖြစ်ရသော ရည်ရွယ်ချက် (၄) ပါး တရားတော်ကို ဟောကြားချီးမြောက်တော်မူခဲ့ပြီး ၄င်းသတင်းအချက်အလက်များကို MRTV 4 သတင်းက အောက်ပါအတိုင်း တင်ဆက်သွားပါသည်။ ကြည်ညို သဒ္ဒါပွါးနိုင်ကြပါစေ။