လေဘေး ရေဘေး အလှူတော်
အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတကျောင်း၊ ဗီဟာပြည်နယ် ဗုဓ္ဒဂယာ မြေမြတ်မဟာရှိ မဟာဗောဓိ ပရဟိတကျောင်း၊ စစ်တွေမြို့၊ မဟာဗောဓိ ပရဟိတ ဘက ကျောင်းတို့၏ ဦးစီး ပဓာန ဖြစ်သော ဆရာတော် ဒေါက်တာ အရှင် နန္ဒောဘာသ ဦိးစီးပြီး ရသေ့တောင်မြို့နယ် ပြင်ခေါင်ကျေးရွာ (စုစုပေါင်း အိမ်ခြေ ၁၈၅ အိမ်) မှ မုန်းတိုင်းသင့် ပြည်သူများသို့ ၂၈-၅-၂၃ နေ့ အိမ်ထောင်စု တစ်စုလျှင် ဆန် ၆ ပြည် တအိတ်၊ ကျပ်ငွေ ၁ သိန်း၊ တာလပတ်ချာ ၉ ပေ ၂၅ ပေ တချပ်နှင့် စားဖွယ် သောက်ဖွယ်များကို တကာ တကာမများ၏ စုပေါင်းအလှူဖြင့် စုစုပေါင်း သိန်း ၄၀၀ ဖိုး သွားရောက်လှူုဒါန်းခဲ့ပါသည်။
အားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေ။
၇ ရက်သားသမီးအားလုံး ဘေးရန်ကင်းကြပါစေ။














