မိုးခါ မုန်းတိုင်းကြောင့် လုံး၀ ပျက်စီးသွားသော မဟာဗောဓိပရဟိတ ဘက ကျောင်း ယနေ့ စတင်ဖွင့်လှစ်

မေလ ၁၄ ရက်နေ့က တိုက်ခက်သွားသော မိုးခါ မုန်းတိုင်းကြောင်း လုံး၀ ပျက်စီးသွားသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မဟာဗောဓိ ပရဟိတ ဘက ကျောင်း တနိုင်ငံလုံးမှ ၀ိုင်း၀န်းကူညီ လှူဒါန်းပေးကြသော တကာ တကာမတို့၏ အကူအညီကြောင့် ယနေ့ ဇွန်လ ၈ ရက်နေ့ ကျောင်းပြန်လည် စတင် နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျောင်း စတင် နိုင်ခဲ့ပြီဖြစ်သော်လည်း ပြန်လည်တည်ဆောက်ရေး အားလုံး မပြီးစီးသေးသောကြောင့် ပုံမှန်ကျောင်းဖွင့်နိုင်ဖို့နှင့် ပုံမှန် စာပြနိုင်ဖို့က နောက် ၃ ရက်ခန့်လိုနေပါသေးသည်။

ယနေ့တွင်မူ ကျောင်းသား ကျောင်းသူများအား ဖတ်စာအုပ်၊ ဗလာစာအုပ်၊ဘောပင်၊ ခဲတန် စသည့် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ ပေး၀ယ်ခြင်း၊ သီခြင်းများ သီဆိုခြင်း၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ အားလုံး ဘေးမသီရန်မခ ပြန်တွေ့ကြရခြင်း စသည်တို့ကြောင်း အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်ကြရပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။  

Tag: